SSPP/SSA တပ်စခန်း(၁၀)ခု ဖယ်ရှားပေးဖို့ စစ်ကောင်စီတောင်းဆိုမှုကြောင့် စစ်ရေးတင်းမာ

SSPP/SSA တပ်စခန်း(၁၀)ခု ဖယ်ရှားပေးဖို့ စစ်ကောင်စီတောင်းဆိုမှုကြောင့် စစ်ရေးတင်းမာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ လဲချား-ပန်လုံလမ်းမကြီး အနီးမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့တပ်စခန်း(၁၀)ခုကို အာဏာသိမ်းစစ်ကောင်စီက ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။

လဲချားမြို့နယ်ထဲက တပ်စခန်း ၁၀ ကို ရုတ်သိမ်းဖို့အတွက် စစ်ကောင်စီဘက်က ဒီလ ၉ရက်နဲ့ ၁၁ရက်နေ့က နှစ်ကြိမ်တောင်းဆိုခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ဖြည့်တင်းခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီက ဖယ်ရှားပေးဖို့ တောင်းဆိုထားတဲ့ အဲ့ဒီတပ်စခန်းနေရာ (၁၀)ခုဟာ  SSPP/SSA ဌာနချုပ်ရဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့နေရာဖြစ်တာကြောင့် မဖယ်ရှားနိုင်တဲ့အကြောင်း SSPP/SSA ကအသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးတင်းမာမှုတွေ ရှိနေကာ  SSPP ကတော့ ဒီဒေသအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ တပ်တွေအကြား စစ်ရေးပဋိပက္ခတွေရှိနေတာကြောင့် မရုတ်သိမ်းတာဖြစ်ကြောင်းနဲ့ RCSS ဘက်က တပ်တွေ ရုတ်သိမ်းရင် ပြေလည်မှုရမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required