လောင်းလုံးတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့

By ကိုရွှေမြိတ်(မဇ္ဈိမ)
01 May 2023
လောင်းလုံးတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ကျော်ကို ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ငွေကျပ် ၄,၄၀၀,၀၀၀ (လေးဆယ့်လေးသိန်း)တန်ဖိုးရှိ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီပေး ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအား ဆန်၊ ဆီ၊ ကြက်သွန်စသည့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ကူညီပေးခဲ့ခြင်းဟု ဦးဆောင်သူက ပြောသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)သည် လောင်းလုံးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ကန့်ကွက်နေသည့် အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။   ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required