ကန်ကြီးထောင့်စျေးကို မီးရှို့ရန်ကြိုးစား

ကန်ကြီးထောင့်စျေးကို မီးရှို့ရန်ကြိုးစား
ဓာတ်ပုံ- C Thu Nyein Chan

ကန်ကြီးထောင့်၊ မတ် ၂၄ ။            ။ ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ရှိ ကန်ကြီးထောင့်မြို့မဈေးကို မတ်၂၃ ရက် ည ၁၁နာရီခန့်တွင် လူတစ်စုက မီးရှို့ရန်ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးဖြစ်သူ ဦးဌေးလွင်က မဇ္ဈိမသို့ ပြောသည်။

မီးရှို့သူတွေကို မမိခဲ့သော်လည်း မီးစတင်လောင်ကျွမ်းနေစဉ်တွင် သိရှိခဲ့သောကြောင့် အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“မီးစလောင်ကာစမှာ သိလိုက်တော့ အချိန်မီငြိမ်းနိုင်ခဲ့ပါတယ်။ မီးရှို့တဲ့သူတွေကိုတော့ မမိလိုက်ဘူး။ ရှို့ပြီးထွက်ပြေးသွားတယ်ထင်တယ်” ဟု မြို့နယ်စည်ပင်သာယာမှ ဦးစီးဖြစ်သူ ဦးဌေးလွင်က ပြောသည်။

ရေနံဆီနှင့် ပလပ်စတစ်တို့ကို အသုံးပြုပြီး မီးရှို့ရန်ကြံစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာပို့ထားကြောင်း ၎င်းကရှင်းပြသည်။

ယင်းဖြစ်စဉ်ပြီးနောက် ဈေးလုံခြုံရေးနှစ်ယောက်ထားရာမှ  ယခုအခါ လေးယောက်အထိ တိုးမြှင့် သွားမည်ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လှည့်ကင်းဖြင့် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required