MOGE ကို အရေးယူပိတ်ဆို့ရေး ရွာပေါင်းစုံသပိတ်ချီတက်တောင်းဆို

By ပါခွီး (မဇ္စျိမ)
16 March 2023
MOGE ကို အရေးယူပိတ်ဆို့ရေး ရွာပေါင်းစုံသပိတ်ချီတက်တောင်းဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီကို ဝင်ငွေဖြည့်တင်းပေးနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) ကို ပိတ်ဆို့ အရေးယူရန် မတ်လ ၁၆ရက်တွင် ချီတက်တောင်းဆိုကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလားရာ MOGE ကို ချက်ချင်းအရေးယူ ပိတ်ဆို့ပေး” ဆိုသည့် စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များ ဟစ်ကြွေးခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကိုအလေးပြုခဲ့ကြသည်။ ယနေ့သည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း ၇၃၇ ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required