တောင်သူ၊ ပညာရှင် နှင့် လွှတ်တော်အဖွဲ့ တွေ့ဆုံပွဲ မကွေး၊ မကြီးကန်ကျေးရွာတွင် ပြုလုပ်

တောင်သူ၊ ပညာရှင် နှင့် လွှတ်တော်အဖွဲ့ တွေ့ဆုံပွဲ မကွေး၊ မကြီးကန်ကျေးရွာတွင် ပြုလုပ်

မကွေး၊ မတ် ၂၀ ။            ။ ဒေသမျိုးရင်းများထိန်းသိမ်းခြင်းဆိုင်ရာ တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၉ နှင့် ၂၀ရက်များတွင် နေ့အဖြစ် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ဒေသခံတောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များပါဝင်သည့်အတွက် တောင်သူများ၏ ရင်ဖွင့်သံများ၊ လိုအပ်ချက်များကို လွှတ်တော်ပိုင်းက သိရှိကာ နိုင်ငံတော်အဆင့်ထိ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ပညာရှင်များကလည်း တောင်သူများကို ခေတ်မီစိုက်ပျိုးနည်းများ၊ အသိပညာများ ပေးနိုင်မည်ဟု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သည့် ဥပဒေပညာရှင် ကိုအောင်ကျော်ကျော်က ပြောသည်။

နှစ်ရက်တာ ဆွေးနွေးပွဲတွင် မတ်လ ၁၉ရက်၌  မျိုးကောင်းမျိုးသန့်ထားသော နည်းပညာအား တက်ရောက်လာသူများနှင့် ပညာရှင်များဆွေးနွေးခြင်း၊ မတ်လ ၂၀ရက်တွင် မျိုးစေ့နှင့်ပတ်သက်သော ဥပဒေမူဝါဒများ ရေးဆွဲသောအခါ တောင်သူလယ်သမားများ၏ သဘောဆန္ဒများခံယူရန် တောင်သူလယ်သမားများအား အကာအကွယ်ပေးသော ဥပဒေဖြစ်ရန် စသည့် အကြောင်းများကို ဆွေးနွေးခဲ့ကြောင်း ဒေသခံတောင်သူ ဒေါ်ဇာဇာက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး(၂၅)မြို့နယ်မှ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ မကြီးကန်ကျေးရွာနေတောင်သူများ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးများမှ တောင်သူလယ်သမားအဖွဲ့အစည်းများ၊ တောင်သူလယ်သမားသမ္မဂ္ဂအဖွဲ့အစည်းများ၊ တောင်သူလယ်သမားကွန်ရက် အဖွဲ့အစည်းများ၊   တောင်သူလယ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ စိုက်ပျိုးရေး၌ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နည်း၊ မျိုးစေ့ ပညာရှင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်များ စုစုပေါင်းလူဦးရေ(၁၀၀)ခန့်တက်ရောက်ခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့အခြေစိုက် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာဖွံ့ဖြိုးရေးအစုအဖွဲ့(OAFADG)မှ ကြီးမှူးကျင်းပကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required