သြစတေးလျတွင် စတင်ရိုက်ကူးမည့် “Singel Rider” ဇာတ်ကားတွင် လီဗြောင်ဟွန်း၊ ဂေါင်ဟိုဂျင်း နှင့် အန်ဆိုဟီးတို့ ပါဝင် သရုပ်ဆောင်မည်

သြစတေးလျတွင် စတင်ရိုက်ကူးမည့် “Singel Rider” ဇာတ်ကားတွင် လီဗြောင်ဟွန်း၊ ဂေါင်ဟိုဂျင်း နှင့် အန်ဆိုဟီးတို့ ပါဝင် သရုပ်ဆောင်မည်

ဆိုးလ်၊ မတ် ၁၇ ။             ။ တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်း၊ မင်းသမီးများဖြစ်သော ဂေါင်ဟိုဂျင်းနှင့် အန်ဆို ဟီးတို့သည် သြစတျေးလျနိုင်ငံ၌ မတ်၁၁ ရက်တွင် စတင်ရိုက်ကူးမည့် “Single Rider” ရုပ်ရှင်ကား သစ်တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

“Single Rider” ဇာတ်ကားသည် လျို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်သည်။ ကိုရီးယားအနုပညာကျောင်းမှ ဒါရိုက်တာ လီဂျိုယောင်က ရိုက်ကူးသွားမည်ဖြစ်ပြီး ယင်းဇာတ်ကားသည် လီဂျိုယောင်၏ ပွဲဦးထွက် ဇာတ်ကားဖြစ်လာမည် ဖြစ်သည်။

လီဗြောင်ဟွန်းသည် ဂျီဟွန်းအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဂေါင်ဟိုဂျင်းသည် သြစတြေး လျနိုင်ငံတွင် သားဖြစ်သူနှင့် အတူနေထိုင်သော တယောပညာရှင် ဆိုဂျင်အဖြစ် သရုပ်ဆောင်သွား မည် ဖြစ်သည်။ မင်းသမီးအန်ဆိုဟီးသည် အလုပ်နားရက်များတွင်ပါ အလုပ်လုပ်ကာ ပိုက်ဆံရှာနေ သည့် ကိုရီးယားနိုင်ငံကို ပြန်လာရန် စိတ်ကူးအိပ်မက်ရှိသူ ဂျီနာအမည်ရှိ ကျောင်းသူတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

လီဗြောင်ဟွန်းနှင့် အတူ သရုပ်ဆောင်ခွင့်ရမည့် အခွင့်အရေးကို စောင့်နေကြောင်းနှင့် ဇာတ်ညွန်းသည် အလွန်ပြင်းထန်ပြီး စိတ်လှုပ်ရှားမိကြောင်း ဂေါင်ဟိုဂျင်းက ပြောကြားသည်။

အန်ဆိုဟီးက ဂျီနာအဖြစ် သရုပ်ဆောင်ရမည်ကို ပျော်ရွှင်မိသည့်အပြင် လီဗြောင်ဟွန်းနှင့် ဂေါင်ဟိုဂျင်းတို့ထံမှ သရုပ်ဆောင်ပညာကို သင်ကြားခွင့်ရရှိမည့်အတွက် ပျော်ရွှင်ရကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ဇာတ်ကား ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့တွင် ရိုက်ကူးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required