မလေးရှား တစ်နိုင်ငံတည်းဆီ ထောပတ်သီး တင်ပို့လျက် ရှိ 

မလေးရှား တစ်နိုင်ငံတည်းဆီ ထောပတ်သီး တင်ပို့လျက် ရှိ 

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော ထောပတ်သီးများကို MOU သဘောတူညီချက်အရ မလေးရှား တစ်နိုင်ငံတည်းဆီသာ တင်ပို့လျက်ရှိသည်ဟု မြန်မာ ထောပတ်သီး ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း MAPEA က ပြောသည်။ 

ယခု ထောပတ်သီးရာသီတွင် မလေးရှားနိုင်ငံဆီ လေယာဉ်ဖြင့် နှစ်ကြိမ် ထောပတ်သီးတန်ချိန် ၅၀ တင်ပို့ထားပြီး လာမည့် သီတင်းပတ်များ၌ နောက်ဆုံး အသုတ် တင်ပို့ရန် ရှိသည်။ 

မြန်မာထွက် ထောပတ်သီးများကို နမူနာအနေဖြင့် မလေးရှားသို့ တင်ပို့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလကြားတွင် လေကြောင်းမှ တင်ပို့ခြင်း ဖြစ်သည်။ 

“ဒူဘိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားတို့ဟာ မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားတဲ့ နိုင်ငံတွေပါ၊ ဒါပေမဲ့ အဓိက ပြဿနာက ဈေးကွက်မှာ ကမ္ဘာ့ဈေး ကျဆင်းနေတာပါပဲ၊ ပြည်တွင်းဈေးက ကမ္ဘာဈေးကွက်မှာထက် မြင့်တက်နေတာကြောင့် ကျွန်တော်တို့ မတင်ပို့နိုင် ဖြစ်နေတယ်”ဟု MAPEA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

MAPEA နှင့် ရှမ်းထောပတ်သီးစိုက်ပျိုးသူများအသင်းတို့ ပူးပေါင်းကာ မလေးရှားနိုင်ငံဆီ ထောပတ်သီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဒေါ်လာဈေးဖြင့် တင်ပို့ခြင်း ဖြစ်သည်။ 

ထောပတ်သီးကို အဓိကအားဖြင့် ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းအပြင် မိုးကုတ်အပါအဝင် မန္တလေးတိုင်းတို့တွင် အဓိက စိုက်ပျိုးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required