ဆော်ဒီအာရေးဗီးယားက ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဆော်ဒီအာရေးဗီးယားက ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Photo: EPA

ဆော်ဒီအာရေးဗီးယားဟာ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၂ ရက်အထိ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲရဲ့ ဖိုင်နယ်ကို ပထမဆုံးရောက်ရှိခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်-ဟီလာကို စိတ်လှုပ်ရှားစရာ ၅-၃ ဂိုးနဲ့ အနိုင်ယူအပြီး မော်ရိုကိုမှာ ဆုဖလားကို ကိုင်မြောက်ပြီးနောက် ၃ ရက်အကြာမှာ ဒီကြေညာချက်ထွက်ပေါ်လာတာပါ။

ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဟာ "ကျနော်တို့ရဲ့ ဆန္ဒကို အားကောင်းစေမယ့် တွန်းအားဖြစ်စေဖို့" အချက်ပြနေတယ်လို့ နိုင်ငံရဲ့ အားကစားဝန်ကြီးက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ မကြာသေးခင် နှစ်တွေအတွင်း အားကစားပွဲတွေမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံခဲ့ပေမယ့်လည်း ၎င်းရဲ့ဂုဏ်သတင်းကို 'sportswash' လုပ်ဖို့  ပြိုင်ပွဲတွေမှာ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)နဲ့ Reprieve အပါအဝင် အဖွဲ့အစည်းတွေက နိုင်ငံကို ၎င်းရဲ့ လူ့အခွင့်အရေးမှတ်တမ်းအတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ပူးတွဲအိမ်ရှင်သြစတြေးလျနဲ့ နယူးဇီလန်တို့က ဆော်ဒီအာရေးဗီးယားရဲ့ ခရီးသွားအာဏာပိုင်ကို ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်စပွန်ဆာအဖြစ် သတ်မှတ်ပေးဖို့ ဖီဖာကို "အရေးတကြီး ရှင်းရှင်းလင်းဖြစ်ဖို့" တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ထုတ်ပြန်ကြေညာဖို့ရှိတဲ့ ဆော်ဒီနိုင်ငံကို သွားရောက်မယ့် သဘောတူညီချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က “ဖီဖာဟာ ဆော်ဒီအာရေးဗီးယားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ထပ်မံပြီး လျစ်လျူရှုထားတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly