နိုင်ငံရေးသုတေသီတဦးလည်းဖြစ်သလို၊ နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်းဖြစ်တဲ့ ဒေါ်ခင်မမမျိုးနှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံရေးသုတေသီတဦးလည်းဖြစ်သလို၊ နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်းဖြစ်တဲ့ ဒေါ်ခင်မမမျိုးနှင့် ဆက်သွယ်မေးမြန်းချက်

၁၉၄၇ ခုနှစ်၊ ဖေဖော်၀ါရီလ ၁၂ ရက်နေ့မှာ ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ နောင်တချိန် မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်တဲ့ မှတ်တိုင်တခုအဖြစ် ရပ်တည်ခဲ့ဖို့ဖြစ်တဲ့အပြင်၊ အဲဒီ ဖေဖော်၀ါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး နှစ်စဥ်ဂုဏ်ပြုခဲ့တာ ယနေ့ထက်တိုင်ဖြစ်ပါတယ်။

ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့၊ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၇ ခုနှစ်၀န်းကျင်က မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ ဘာတွေ လုပ်ဆောင်ခဲ့သလဲ၊ ဒီလုပ်ဆောင်ချက်တွေက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လောက်အထိ အရေးပါခဲ့သလဲ၊ ပင်လုံမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား ကတိက၀တ်ပြု လက်မှတ်ရေးထိုးခဲ့တာတွေကို တကယ်ပဲ အကောင်အထည်ဖော်နိုင်ခဲ့ရဲ့လားစတာတွေကို ပြန်ပြောင်းဆွေးနွေးဖို့အတွက် နိုင်ငံရေးသုတေသီတဦးလည်းဖြစ်သလို၊ နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်းဖြစ်တဲ့ ဒေါ်ခင်မမမျိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required