ပြင်သစ်နောက်ခံလူ ရာဖေးလ် ဗရန်း နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်

ပြင်သစ်နောက်ခံလူ ရာဖေးလ် ဗရန်း နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်

ပြင်သစ်နဲ့ မန်ချက်စတာယူနိုက်တက် ဗဟိုနောက်ခံလူ ရာဖေးလ် ဗရန်းက နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ သူ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

၂၀၁၈ မှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဟာ ၂၀၁၃ မှာ ပထမဆုံးပွဲဦးထွက်ကစားပြီးနောက် သူ့နိုင်ငံအတွက် ၉၃ ပွဲကစားကာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းအတွက် သူ နောက်ဆုံးကစားခဲတဲ့ပွဲကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်တဲ့ပွဲဖြစ်ပါတယ်။

“ဆယ်စုနှစ်တစ်ခုကြာအောင် ကျနော်တို့နိုင်ငံကြီးကို ကိုယ်စားပြုရတာဟာ ကျနော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာတစ်ခုပါပဲ” လို့ ဗရန်းက ဆိုပါတယ်။

“ဒီအရမ်းထူးခြားတဲ့ အပြာရောင်ဂျာစီကို ဝတ်လိုက်တဲ့ အချိန်တိုင်း ကြီးမားတဲ့ ဂုဏ်ယူမှုကို ခံစားခဲ့ရတယ်။ အဲဒါတွေအားလုံးကို ပေးဆပ်ရမှာက ကျနော့်ရဲ့ နှလုံးသားနဲ့ ကစားပြီး ကွင်းထဲမှာ ကျနော်တို့ ဝတ်လိုက်တိုင်း နိုင်ပွဲရယူပေးဖို့ ပါပဲ။

"ကျနော် ဒါကို လအတော်ကြာ စဉ်းစားပြီး နိုင်ငံလက်ရွေးစင်ကစားသမားကနေ အနားယူဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာပါ။"

၂၀၂၁ သြဂုတ်လက ရီးယဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ဗရန်းဟာ ကမ္ဘာ့ဖလားအပြီး အနားယူလိုက်တဲ့ နောက်ဆုံးပြင်သစ်ကစားသမားဖြစ်ပါတယ်။

ဇန်နဝါရီလက တော့တင်ဟမ်ဂိုးသမားနဲ့ အသင်းခေါင်းဆောင် ဟူဂိုလိုရစ်ဟာ ဗိုလ်လုပွဲအပြီး သုံးပတ်အကြာမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly