လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အာဏာသိမ်း ၂ နှစ်ပြည့် YRF က ပြည်သူများသို့ အမှာစကားချိတ်ဆွဲ

By ဂန္ဒမာ
01 February 2023
လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အာဏာသိမ်း ၂ နှစ်ပြည့် YRF က ပြည်သူများသို့ အမှာစကားချိတ်ဆွဲ

(မဇ္ဈိမ)။။ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ စစ်ကောင်စီတပ်အာဏာသိမ်းယူသည့် နှစ်နှစ်ပြည့်နေ့တွင် Yangon Revolution Force (YRF)က ပြည်သူများသို့ အမှာစကား သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအောင်ပွဲကို ရရှိနိုင်ရန် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ပါဝင်ပံ့ပိုးမှုက အင်မတန်အရေးပါသည့်အတွက် “သင်ကိုယ်တိုင် ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ဟူသော စာသားပါ ဘန်နာအား ရန်ကုန်မြို့ တစ်နေရာတွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်မှ အာဏာသိမ်းယူသည့်ကာလ နှစ်နှစ်ပြည့်ပြီဖြစ်သော်လည်း နွေဦးတော်လှန်ရေးသည် အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ တော်လှန်ရေးရဲဘော်ရဲဘက်များသည်လည်း အာဏာရှင် ပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ရရာနည်းလမ်းဖြင့် တော်လှန်ရေးတွင် ပါဝင်အားဖြည့်ကြရန် Yangon Revolution Force - YRF (Soft Strike Community) မှ တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required