ကိုဗစ်ကူးစက်မှုများလာခြင်းကြောင့် တရုတ်ဆေးရုံများတွင် အထူးကြပ်မတ်ဆောင်များ တိုးချဲ့

ကိုဗစ်ကူးစက်မှုများလာခြင်းကြောင့် တရုတ်ဆေးရုံများတွင် အထူးကြပ်မတ်ဆောင်များ တိုးချဲ့

လူသန်းပေါင်းများစွာကို နေအိမ်များတွင် ပိတ်ဆို့ထားပြီး စီးပွားရေးကို ကျဆင်းစေကာ ဆန္ဒပြမှုများကို ဖြစ်ပေါ် စေသည့် ကိုဗစ်ထိန်းချုပ်ရေးအစီအမံများကို ပြန်လည်ရုပ်သိမ်းပြီးနောက် တရုတ်တွင် ကိုဗစ်-၁၉ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်အစိုးရက အထူးကြပ်မတ်ကုသဆောင်များကို ပိုမိုတိုးချဲ့ကာ ဆေးရုံများ အသင့်ဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အစိုးရသည် ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ရန် ကြိုးပမ်းနေပြီး ယင်းကဲ့သို့ ကြိုးပမ်း နေသည့် နောက်ဆုံးအင်အားကြီးနိုင်ငံဖြစ်သည်။

ကွန်မြူနစ်ပါတီသည် ကိုဗစ်-၁၉လုံးဝကင်းစင်ရေးမဟာဗျူဟာကို ရပ်တန့်လိုက်ခြင်းကြောင့် သီးသန့်ခွဲထားခြင်း၊ ခရီးသွားခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခြင်းမပြုဘဲ ရောဂါပိုမိုကူးစက်လာခြင်းကို လိုက်လျောညီ ထွေ လက်ခံလာနိုင်သည်။

ရောဂါထိန်းချုပ်မှုထိရောက်စေရေးနှင့် ဆေးဝါးများ ပိုမိုထောက်ပံ့နိုင်ရေးအပါအဝင် ဆေးရုံများတွင် ဝန်ထမ်းများ အင်အားဖြည့်တင်းရေးအတွက် ဒီဇင်ဘာ ၈ရက်က အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အသက် ၆၅ နှစ်နှင့် အထက်ရှိသူတိုင်း၏ ကျန်းမာရေးကို စောင့်ကြည့်ရန် သက်ဆိုင်ရာဒေသရှိ တာဝန်ရှိ သူများအား ညွှန်ကြားထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က နေရာအနှံ့အပြားတွင် တစ်နေ့လျှင် တစ်ကြိမ် မဖြစ်မနေ စမ်းသပ်စစ်ဆေးမှုကို ရပ်ဆိုင်းပြီးနောက် ကူးစက်မှုမည်မျှများလာသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ကျောင်းများတွင် ဖြစ်ပွားမှုများနေကြောင်း လူတွေ့မေးမြန်းခန်းနှင့် လူမှုမီဒီယာများတွင် ဖော်ပြထားသည်။

ဝန်ထမ်းများ ဖျားနာနေသဖြင့် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly