ကုမ္ပဏီ ၃ခုပေါင်း၍ Music Tour လုပ်မည်

ကုမ္ပဏီ ၃ခုပေါင်း၍ Music Tour လုပ်မည်

ရန်ကုန်၊ မတ် ၇ ။            ။ ‌Media 7 ၊ Frenzo Production ၊ Ve Ve တို့ ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် အတွင်း Music Tour များပြုလုပ်သွားမည်ဖြစ်ကြောင်း Media 7 မှ ဥက္ကဌ ကိုဝေမင်းမောင် ကပြောသည်။

Media 7 မှ ဥက္ကဌ ကိုဝေမင်းမောင် က " မီဒီယာ လုပ်ငန်း ၊ မာကတ်တင်း လုပ်ငန်းတွေ ကို တောက်လျောက် လုပ်ဆောင် ခဲ့သလို Frenzo အဖွဲ့နဲ့ စကား ပြောဖြစ်တဲ့အခါ အဲ့ဒီအဖွဲ့နဲ့ ပူးပေါင်း ဖြစ်တယ်။ ၂ဝ၁၆ မှာ မီဒီယာရှာဖွေခွင့် ၊ မီဒီယာ မူပိုင်ခွင့် အဲတာတွေ ကို သဘောတူပါတယ်။ အနုပညာ လှုပ်ရှားမှုတွေ ကတော့ ကိုစိုင်း တို့ ဘက်က စိတ်ကြိုက် စီစဉ်ပါလိမ့်မယ်။ ကျွန်တော် တို့ ကုမ္ပဏီ ၃ခုလုံး ပူးပေါင်းပြီး music tour တွေ လုပ်သွားမှာပါ"ဟု ပြောသည်။

Frenzo Production အနေဖြင့် ဂီတ ထုတ်လုပ်ရေး များ လုပ်ဆောင် ခဲ့သလို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show များကို အဓိက လုပ်ဆောင် ခဲ့ကာ နောက်ပိုင်းတွင် ရုပ်ရှင် ထုတ်လုပ်ရေး ကိုပါ ထပ်မံ လုပ်ဆောင် ခဲ့သည့် ထုတ်လုပ်ရေး တစ်ခုလည်း ဖြစ်သည်။

Media 7 နှင့် VeVe တို့ အနေဖြင့် Frenzo Production မှ ၂ဝ၁၆ ခုနှစ် ဧပြီ ၁ဝရက် တွင် ပြုလုပ်မည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖျေ်ာဖြေပွဲမှ စတင်ကာ ၊ Music Tour များနှင့် အနုပညာ ဖျော်ဖြေပွဲများတွင် အတူတကွ ပါဝင် သွားမည် ဖြစ်သည်။

Frenzo Production မှ ဥက္ကဌ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် မှ " ကျွန်တော်တို့ Frenzo Poduction အနေနဲ့ ၂ဝ၁၆ မှာ ရန်ကုန် ၊ မန္တလေး အပါအဝင် နယ်မြို့များတွင် Music TOURတွေ လုပ်ဆောင် သွားဖို့ ရှိပါတယ်။ Media 7 က ကိုဝေမင်းမောင် ကလည်း ပူးပေါင်း ကူညီမယ်လို့ ကမ်းလှမ်းပါတယ်။ အဲဒီ အချိန်မှာကျွန်တော် တို့ရဲ့ Show တစ်ခုလုံးကို VeVe က တစ်နှစ်စာ အဓိက Sponsor အဖြစ် ပံ့ပိုး ပေးမယ် ဆိုတဲ့ အတွက် ဒီအစီအစဉ်ကို လုပ်ဖြစ်တာပါ"ဟု ပြောသည်။

Frenzo Production အနေဖြင့် Music Tour ကို သြင်္ကန် အပြီးတွင် စတင်ကာ ရန်ကုန် ၊ မန္တလေး အပါအဝင် ခရီးစဉ် ဆွဲကာ ဖျော်ဖြေသွားမည် ဖြစ်ပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ၊ ဘန်နီဖြိုး ၊ Snare ၊ G-Fatt အပြင် အခြား သူငယ်ချင်းများလည်း ပါဝင်မည် ဖြစ်သည်။

Frenzo Production မှ Welcome To Frenzo အမည်ရှိ တေးအယ် ဘမ် ကိုလည်း ထုတ်လုပ် ဖြန့်ချိရန် စီစဉ် ထားပြီး ထိုအခွေတွင် စိုင်းစိုင်းခမ်းလှိုင် ၊ ဘန်နီဖြိုး ၊ Snare ၊ G-Fatt တို့ ပါဝင်မည် ဖြစ်ကာ ထို တေးအယ်ဘမ်မှ တေးသီချင်းများ အပြင် တေးသီချင်းဟောင်း များကိုလည်း Music Tour တွင် သီဆို ဖျော်ဖြေ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required