လီဆိုဂျင်နှင့် ယူအီတို့ “Marriage Contract” ဇာတ်ကား သတင်းစာရှင်းလင်းပွဲ တတ်ရောက်

လီဆိုဂျင်နှင့် ယူအီတို့ “Marriage Contract” ဇာတ်ကား သတင်းစာရှင်းလင်းပွဲ တတ်ရောက်

တောင်ကိုရီးယားမင်းသား လီဆိုဂျင်နှင့် မင်းသမီး ယူအီတို့သည် မတ်၃ ရက်က ကျင်းပပြုလုပ်သော MBC ရုပ်သံ၏ ဒရမ်မာဇာတ်ကားသစ် “Marriage Contract” သတင်းစားရှင်းလင်းပွဲသို့ တတ်ရောက်ခဲ့သည်။

ဒရမ်မာဇာတ်ကားတွင် လီဆိုဂျင်နှင့် ယူအီတို့သည် ချစ်သူအဖြစ် သရုပ်ဆောင်သွားမည်ဖြစ် ကြောင်းနှင့် ယူအီသည် လီဆိုဂျင်ထက် ၁၇ နှစ် ငယ်နေသည်။ “အသက်အရွယ်က ကိစ္စမရှိပါဘူး။ ယူအီက အသက်ငယ်တယ်။ ဒါပေမဲ့ သူက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အရမ်းကြိုးစားတယ်။ ကျွန်တော်တို့ဟာ ဒီဇာတ်လမ်းမှာ ချစ်သူတွေအဖြစ် အတူ သရုပ်ဆောင်သွားမှာပါ” ဟု လီဆိုဂျင်က ပြောကြားခဲ့သည်။

“Marriage Contract” ဇာတ်ကားက ဘဝ၏တန်ဖိုးသည် ငွေကြေးဖြစ်သည်ဟု ယုံကြည်သော အမျိုးသားတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းအမျိုးသား သည် အမျိုးသမီးတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် အချစ်၏အဓိပ္ပါယ် ကို  ရှာဖွေ သင်ယူခဲ့ကြသည်။

အဆိုပါ ဒရမ်မာဇာတ်ကားသည် ခေတ်လူငယ် မျိုးဆက်သစ်များ ရုပ်ဝတ္ထူပစ္စည်းများ ပေါများ သည့် ခေတ်ကာလတွင် ပျော်ရွှင်မှုမရှိခြင်း၊ နားလည်ခံယူတတ်မှု ပျောက်ဆုံးနေခြင်းတို့အတွက် ဘဝ နှင့် အချစ်အဓိပ္ပါယ်ကို သင်ကြားပေးသည့် ဇာတ်ကားဖြစ်သည်။

လီဆိုဂျင်သည် ချမ်းသာကြွယ်ဝပြီး မာနကြီးသော အမျိုးသား ဟန်ဂျီဟွန်းအဖြစ် ပါဝင် သရုပ် ဆောင်သွားမည် ဖြစ်သည်။ ယူအီသည် စာဖိုးမှူး လက်ထောက်တစ်ဦးအဖြစ် ဘဝကို ရုန်းကန်နေ ရသော မိန်းမသား ကောင်ဟေဆိုအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ဒရမ်မာဇာတ်ကား ကို မတ်၅ ရက် ကိုရီးယားစံတော်ချိန် ည ၁၀ နာရီအချိန်တွင် ပထမပိုင်း ဇာတ်လမ်းတွဲကို ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required