ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များ ချမှတ်ထားချိန် ကွမ်ကျိုးမြို့၌ ဖြစ်တောင့်ဖြစ်ခဲ့ အကြမ်းဖက်ဆန္ဒပြမှု ပေါ်ပေါက်

ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များ ချမှတ်ထားချိန် ကွမ်ကျိုးမြို့၌ ဖြစ်တောင့်ဖြစ်ခဲ့ အကြမ်းဖက်ဆန္ဒပြမှု ပေါ်ပေါက်

တရုတ်နိုင်ငံ၏ ပြင်းထန်သော ကိုဗစ်အသွားအလာပိတ်ဆို့မှုများကြောင့် ပြည်သူများ၏ အမျက်ဒေါသများ တိုးလာချိန်တွင် နိုင်ငံ၏အကြီးဆုံးမြို့များအနက် တစ်မြို့ဖြစ်သည့် ကွမ်ကျိုးမှ ဒေသခံအချို့သည် နိုဝင်ဘာ ၁၄ ရက်က တင်းကျပ်သော စည်းမျဉ်းများကို ဆန့်ကျင်ကာ ရှားရှားပါးပါး ဆန္ဒပြခဲ့ကြသည်။

လူမှုမီဒီယာပေါ်သို့ ပျံ့နှံ့လာသော ဗီဒီယိုများ၌ ကွမ်ကျိုး ဟိုင်ဇူးခရိုင်မှ ဆန္ဒပြသူ ရာနှင့်ချီသည် လမ်းထဲသို့ ချီတက်လာပြီး ရဲအတားအဆီးများကို တွန်းကန်ခဲ့ကြသည်။

အဆိုပါခရိုင်သည် ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက အသွားအလာပိတ်ဆို့ထားခဲ့သည်။ ဆန္ဒပြမှုများသည် ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ နွမ်းပါးသောရပ်ကွက်များတွင် ဖြစ်ပွားခဲ့ကြောင်း Hong Kong

Economic Journal က ဖော်ပြခဲ့သည်။ ဒေသန္တရအစိုးရက ဆန္ဒပြပွဲဖြစ်ပွားရာနေရာသို့ ရဲကားများစွာ စေလွှတ်ခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အာဏာပိုင်များက ပြည်တွင်းခရီးသွားများအတွက် မဖြစ်မနေသီးသန့်ခွဲခြားထားရှိချိန်ကို လျှော့ချခြင်းကဲ့သို့သော တချို့ကန့်သတ်ချက်များကို ဖြေလျော့ ပေးထား သော်လည်း အသွားအလာပိတ်ဆို့မှုမှာ လျော့သွားမည့်ဟန် မရှိပေ။

အိမ်တွင်း၌ ပိတ်လှောင်ခံထားရသူများ၏ အကြီးမားဆုံးပြဿနာများမှာ စားနပ်ရိက္ခာပြတ်လပ်ခြင်းနှင့် အချိန်မီ ဆေးကုသရန် ခက်ခဲခြင်းတို့ ဖြစ်သည်။

ဆန္ဒပြမှုများအကြောင်း ပြောဆိုရေးသားထားကြသော ပို့စ်အနည်းငယ်ကို တရုတ်၏ အကြီးမားဆုံး လူမှုမီဒီယာပလက်ဖောင်း ၂ ခုဖြစ်သည့် Weibo နှင့် WeChat တို့တွင် တွေ့နိုင်ကြောင်း Bloomberg သတင်းဌာနတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required