ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဒီဇင်ဘာလတွင် တရုတ်စက်ရုံထုတ်လုပ်မှုများ ကျဆင်း

By CNA
09 January 2023
ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဒီဇင်ဘာလတွင် တရုတ်စက်ရုံထုတ်လုပ်မှုများ ကျဆင်း

 

တရုတ်အစိုးရက ကိုဗစ်-၁၉ကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် ကူးစက်မှုများမြင့်တက်လာခြင်းက ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေသလို ဝယ်လိုအားကို ကျဆင်းစေခြင်းကြောင့် ဒီဇင်ဘာလတွင် တရုတ်စက်ရုံထုတ်လုပ်မှုများ သိသိသာသာကျဆင်းခဲ့ကြောင်း ပုဂ္ဂလိကစစ်တမ်းတစ်ခုက ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြလိုက်သည်။

တရုတ်၏ Caixin/Markit ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ အညွှန်းကိန်း (PMI) သည် နိုဝင်ဘာလတွင် ၄၉ ဒသမ ၄ ရှိရာမှ ဒီဇင်ဘာလတွင် ၄၉ ဒသမ ဝ သို့ ကျဆင်းသွားခဲ့သည်။

ထုတ်လုပ်မှုအညွှန်းကိန်းသည် တိုးတက်မှုနှင့် ကျဆင်းမှုကို ခွဲခြားထားသည့် အမှတ် ၅၀ အောက်တွင်ရှိနေပြီး ကျဆင်းမှုမှာ ၅ လ ဆက်တိုက်ရှိနေပြီဖြစ်သည်။ 

ယင်းအညွှန်းကိန်းသည် စက်တင်ဘာလနောက်ပိုင်း အနိမ့်ဆုံးဖြစ်သော်လည်း Reuters စစ်တမ်းတွင် ဖော်ပြ ထားသည့် ဆန်းစစ်သူများခန့်မှန်းထားသည့် ၄၈ ဒသမ ၈ ထက်များနေသေးသည်။

တရုတ်၏ တရားဝင် PMI စစ်တမ်းတွင် အညွှန်းကိန်းသည် ၃ နှစ်အတွင်း အနိမ့်ဆုံးသို့ သိသိသာသာ ကျဆင်းသွားကြောင်း ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့ သည်။

အသေးစားနှင့်ပို့ကုန်ဦးစားပေးလုပ်ကိုင်သည့် ကုမ္ပဏီများကို Caixin က အဓိကထား စစ်တမ်းကောက်ယူထား သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်မူဝါဒများသည် ဒီဇင်ဘာလအစောပိုင်းတွင် ရုတ်ခြည်းပြောင်းလဲပြီးနောက် ယခုအခါ ကိုဗစ်ကူးစက်မှုများကြုံတွေ့နေသော တရုတ်ထုတ်လုပ်သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အဆိုပါကိန်းဂဏန်းများကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required