ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဆက်လက်မြင့်တက်နေသဖြင့် ရှင်ကျန်းတွင် လူထုဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဆက်လက်မြင့်တက်နေသဖြင့် ရှင်ကျန်းတွင် လူထုဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသတွင် ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု များဆက်လက်မြင့်တက်နေသဖြင့် ပြည်သူများက ဒေါသထွက်နေကြသည်။

အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် မကြာသေးမီက ကိုဗစ်-၁၉ကူးစက်မှုလှိုင်းများဖြစ်ပွားမှုနှင့် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် မြို့တော် ဥယုံမုချီရှိ ခရိုင်များနှင့် ကောင်တီများသို့ ရှင်ကျန်းကွန်မြူနစ်ပါတီ အတွင်းရေးမှူး မာရှင်ကွေးသည် သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင် Xinjiang Daily သတင်းတစ်ပုဒ်ကို ကိုးကား၍ RFA က ဖော်ပြခဲ့သည်။

ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများ၊ ရပ်ရွာစီမံခန့်ခွဲမှုများနှင့် ဆေးရုံများကို စစ်ဆေးရန် ထန်းရှန်၊ရှယိဘတ်၊ဆွေမိုကော်၊ အဆင့်မြင့်နည်း ပညာဇုန်နှင့် ဥယုံမုချီရှိ မိဒေါင်ခရိုင်များသို့ ပါတီအတွင်းရေးမှူး သွားရောက်ခဲ့သည်။

ထို့ပြင် သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆိုးရွားသော ကိုဗစ်ကူးစက်မှုများ ဖြစ်ပွားပြီးနောက် တရုတ် အာဏာပိုင်များက ရှင်ကျန်းတွင် အသွားအလာများကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ရာ ဝီဂါမွတ်စလင်များ ငတ်ပြတ် မှုနှင့် ဆေးဝါးကုသမှု ကင်းမဲ့မှုတို့ကြောင့် အချို့သေဆုံးခဲ့ရသည်။

ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည့် ပိတ်ဆို့ကန့်သတ်မှုကို ကန့်ကွက်သဖြင့် ရှင်ကျန်းပြည်နယ် မြောက်ပိုင်းရှိ ယိနန်းရှိ ရွာတစ်ရွာမှ ဝီဂါ ၆၀ဝ ကိုလည်း ဒေသခံအာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

ယင်းဖိနှိပ်မှုများကို ကျယ်ပြန့်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်က ပြောကြားထားသော်လည်း ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းကျန်းဒေသရှိ ဝီဂါနှင့် အခြား လူနည်းစုများက အကြိမ်ကြိမ် ခံခဲ့ရသည်။

ဇူလိုင်လ ၃၀ ရက်တွင်ပထမဆုံးရောဂါတွေ့ရှိပြီးကတည်းက ရှင်ကျန်းဒေသရှိ စီရင်စု ၇ ခုရှိ အနည်းဆုံး ခရိုင် ၁၂ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုကို တွေ့ရှိခဲ့သည်ဟု Global Times က ဖော်ပြခဲ့သည်။

ရှင်ကျန်းဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှုများ မကြာခဏ အစုလိုက်အပြုံလိုက်တွေ့ရှိခဲ့ပြီး လက်ရှိ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အခြေအနေမှာ မအောင်မြင်သေးကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင် များက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required