မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအစိုးရ ကူညီပေးရန် အရေးကြီးအဆိုလွှတ်တော်တွင် ဆွေးနွေးမည်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအစိုးရ ကူညီပေးရန် အရေးကြီးအဆိုလွှတ်တော်တွင် ဆွေးနွေးမည်

နေပြည်တော်၊ဖေဖော်ဝါရီ ၂၄ ။         ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအစိုးရ ကူညီပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၂၅ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောက်ယှက်သူများ၏ အန္တရာယ်ကို ကာကွယ်ပေးပြီးထိရောက်သော ကူညီမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်း ကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော် အမတ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်၌ ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၅၇ မဲ ၊ ကန့်ကွက်သူ ၁၀ မဲ ကြားနေ ၅ မဲ ရရှိခဲ့သည့်အတွက် လွှတ်တော်တွင်ဆွေးနွေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဘိန်းခင်းဖျက်ဆီးရေးသွားရောက်သူများကို အန္တရယ်တွေ့စေရန် ဆူးညောင့်ခလုတ်တွေထောင်ခြင်း ဒေသလုပ်မိုင်းများထောင်ခြင်းများကြောင့် ဘိန်းခင်းဖျက်ဆီးရန်သွားသူ အချို့ဒဏ်ရာရကာ   ဆေးရုံတက် ရောက် ကုသခံယူနေရသူများရှိနေကြောင်း အဆိုတင်သွင်းခဲ့သည့် ဦးလဂန်ဇယ်ဂျုံး ကပြောသည်။

“စစ်ဆင်ရေးသွားတဲ့အခါ နယ်မြေကျွမ်းကျင်တဲ့ လမ်းပြပေးမယ့်သူပါပေမယ့်လည်း ဌာနဆိုင်ရာတွေက လုံခြုံရေး အချိန်ဆွဲတာတွေရှိတယ်  ” ဟု ၎င်းကပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင်တင်သွင်းသည့် သုံးခုမြောက်အရေးကြီးအဆိုဖြစ်သည့် ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုကို ဆွေးနွေးပြီး အစိုးရသို့တိုက်တွန်းကြောင်း အတည်ပြု ၊ မပြုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly