နီပေါသို့ တရုတ်သမ္မတ၏ ယုံကြည်စိတ်ချရသူတစ်ဦး သွားရောက်ခြင်းက အံ့အားသင့်စရာဖြစ်နေ

နီပေါသို့ တရုတ်သမ္မတ၏ ယုံကြည်စိတ်ချရသူတစ်ဦး သွားရောက်ခြင်းက အံ့အားသင့်စရာဖြစ်နေ

အောက်တိုဘာလတွင်ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏၂၀ကြိမ်မြောက်အမျိုးသားကွန်ဂရက်နှင့် နီပေါတွင် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲနှင့်ပြည်နယ်ရွေးကောက်ပွဲများမတိုင်မီ တရုတ်ထိပ်တန်းအရာရှိ လီကျန်းစူသည် စက်တင်ဘာလ၁၂ရက်က နီပေါသို့ တရားဝင်ခရီးသွားရောက်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ လူယုံတစ်ဦးဖြစ်ပြီး တရုတ်ခေါင်းဆောင်မှုတွင် တတိယအဆင့်အမြင့်ဆုံး အဖွဲ့ဝင်ဖြစ်သည့် လီသည်မတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး နီပေါသို့လာရောက်လည်ပတ်ပြီးနောက် တရုတ်မှ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်လာရောက်ခြင်းဖြစ်သည်။

နီပေါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဟောင်းရန်ဂျစ်ရေးကယင်းခရီးစဉ်သည်နီပေါပြည်တွင်းနိုင်ငံရေးကိစ္စများ တွင် တရုတ်၏ပါဝင်ပတ်သက်မှုနှင့် အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုများ ကြီးထွားလာချိန်တွင် အရေးကြီးကြောင်း ရှုမြင်သည်။

"ဒါကအရမ်းအရေးကြီးတဲ့ခရီးစဉ်ပါ။ တရုတ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရုတ်ခေါင်းဆောင်ပိုင်းရဲ့ တတိယအဆင့်အမြင့်ဆုံးအဖွဲ့ဝင်ပါ။ဒါကြောင့်အရမ်းအရေးကြီးတဲ့ခရီးစဉ်ဖြစ်ပါတယ်" ဟုရန်ဂျစ်ရေးက ပြောကြားခဲ့သည်။ 

နီပေါနိုင်ငံခြားရေးဝန်ကြီးသည်လည်း မတ်လတွင် တရုတ်သို့သွားရောက်ခဲ့သည်က သတိထားစရာဖြစ်သည်။  

“နီပေါနိုင်ငံခြားရေးဝန်ကြီးလည်း တရုတ်ကိုသွားရောက်လည်ပတ်ခဲ့တယ်။ ဒါကြောင့် ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တရုတ်က ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေဆက်တိုက်လာခဲ့တာကိုကြည့်ရင်   နီပေါကို တရုတ်ကအလေးထားတယ်ဆိုတာ ပြသနေပါတယ်။ သေချာအကောင်ဖော်ရမဲ့ကိစ္စရပ်တွေရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။"

'နီပေါအကျပ်အတည်း - အိန္ဒိယ-နီပေါဆက်ဆံရေးကိုပြန်လည်သတ်မှတ်ခြင်း' အမည်ရှိ စာအုပ်ကို ရေးသားသူ ရေးကလီ၏ ဟိမဝန္တာနိုင်ငံဖြစ်သည့် နီပေါသို့လာရောက်လည်ပတ်မှုသည် နီ ပေါနိုင်ငံနှင့် ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီတွင် လာရောက်ခြင်းဖြစ်သဖြင့် အနည်းငယ် အံ့အားသင့်ဖွယ်ရှိကြောင်းပြောကြားခဲ့သည်။ .
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required