မင်းတပ်မီးဆိုင်ခန်း ၂၄ခန်းမီးလောင်၊ မီးလောင်သည့်အကြောင်းနှင့်ပျက်စီးဆုံးရှုံးမှုမသိရသေး

မင်းတပ်မီးဆိုင်ခန်း ၂၄ခန်းမီးလောင်၊ မီးလောင်သည့်အကြောင်းနှင့်ပျက်စီးဆုံးရှုံးမှုမသိရသေး
မင်းတပ်စည်ပင်စျေးမီးလောင်ကျွမ်းစဉ်။ ဓါတ်ပုံ MOI

ရန်ကုန်၊ ဖေောဖ်ဝါရီ ၂၃။          ။မင်းတပ်စည်ပင်သာယာဈေးမှ ဆိုင်ခန်း ၂၄ခန်းမီးလောင်ပျက်စီးခဲ့ပြီး၊ စတင်လောင်ကျွမ်းရသည့် အကြောင်းအရာကို စုံစမ်းမေးမြန်စဲသာဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုစာရင်းကိုလည်း တွက်ချက်နေစဲဟု မင်းတပ်မြို့နယ် မီးသတ်တပ်ဖွဲ့က မဇ္ဈိမကို အတည်ပြုသည်။

"ထိခိုက်တာရယ်ဆိုပြီးမရှိပါဘူး။ ဆုံးရှုံးတဲ့တန်ဖိုးကိုလည်း တွက်ချက်တုန်းပါ။ မီးလောင်ရတဲ့အကြောင်းအရင်း ကိုစုံစမ်းနေပါတယ်။ အတိအကျမပြောနိုင်သေးပါဘူး။ ဆိုင်ခန်းအားလုံး ၂၄ခန်းပါသွားပါတယ်။" ဟု မင်းတပ်မြို့ နယ် မီးသတ်ဦးစီးဌာနမှ ဖုန်းကိုင်ဖြေကြားသူက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်၊ နေ့လည် ၁၂နာရီ မိနစ် ၂၀တွင် မင်းတပ်စည်ပင်ဈေးမှ ဆိုင်ခန်းများ မီးစတင်လောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁နာရီ ၃၀မိနစ်တွင် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများပူးပေါင်းက မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုနှင့် ပက်သက်ပြီး မင်းတပ်ဒေသခံ ဆလိုင်ရှယ်အောင်က "မီးသတ်နဲ့ ဈေးနဲ့က မျက်နှာချင်းဆိုင် မီးလောင်ပြီလို့ပြောပေမယ့် မီးသတ်ကားကချက်ချင်းမထွက်လာနိုင်ဘူး။ ခဏကြမှလာတယ်။ မီးကတော့ ၂နာရီ ခွဲလောက်က ငြိမ်းသွားတယ်။" ဟုဆိုသည်။

မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးရမှုနှင့်ပက်သက်ပြီး တန်ဖိုးတွက်ချက်နိုင်ရေး၊ စုံစမ်းစစ်ဆေးမှုကိုကို လက်ရှိတွင် ပြုလုပ်နေသဖြင့် မည်သည့်အတွက်ကြောင့် မီးစတင်လောင်ကျွမ်းသည်ကို အတည်မပြုနိုင်သေးကြောင်း မင်းတပ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေတိုးက မဇ္ဈိမကိုပြောသည်။

စည်ပင်ဈေးရှေ့ရှိ မီးသတ်စခန်းသည် အရံမီးသတ်စခန်းသာဖြစ်သဖြင့် ပြင်ဆင်မှုများဆောင်ရွက်ပြီး မြို့နယ်မီးသတ် တပ်မဖွဲ့မှ မီးသတ်ကား ၂စီ၊ ရေသယ်ကား ၃စီး(ကုမ္ပဏီရေသယ်ကား ၁စီးအပါအဝင်)၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ဦး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ဒေသခံများပူးပေါင်းကာ မီးငြိမ်းသတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required