၁၅နှစ်အရွယ်လူငယ်ကို ပေါ့ပ်သီချင်းနားထောင်သဖြင့် အိုင်အက်စ်က ခေါင်းဖြတ်သတ်

၁၅နှစ်အရွယ်လူငယ်ကို ပေါ့ပ်သီချင်းနားထောင်သဖြင့် အိုင်အက်စ်က ခေါင်းဖြတ်သတ်

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ - ၁၉ ။            ။ အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ အမာခံနယ်မြေ မိုဆူးတွင် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင်များကို ဖြိုခွင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပေါ့ပ်သီချင်း နားထောင်သည့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ခေါင်းဖြတ် ကွက်မျက်ခဲ့သလို၊ သောကြောနေ့ ဘုရားဝတ်ပြုရန် ပျက်ကွက်ခဲ့သည့် အခြား၂ယောက်ကိုလည်း ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

ARA News ၏ သတင်းပို့ချက်အရ အေဟန် ဟူစိန်ဟု အမည်ရသည့် ၁၅နှစ်အရွယ် လူငယ်မှာ သူ့ဖခင်၏ ကုန်စုံဆိုင်တွင် ပေါ့ပ်သီချင်းနားထောင်နေခိုက် ပတ္တရောင်လှည့်လာသည့် အိုင်အက်စ် တိုက်ခိုက်ရေးသမားများက ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Kurdish Nineveh မီဒီယာစင်တာက ARA Newsကို ကိုးကားဖော်ပြရာတွင်မူ လူငယ်လေးမှာ အနောက်တိုင်းဂီတကို နားထောင်နေခဲ့သည်ဟုဆိုသည်။ သူ့ကို ရှာရီးယားရုံးတော်သို့ လွှဲပြောင်းပေးခဲ့ရာ ထိုရုံးတော်က ကွက်မျက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ထိုလူငယ်ကို အင်္ဂါနေ့က အများပြည်သူရှေ့မှောက်တွင် ခေါင်းဖြတ်စီရင်ခဲ့ပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံခဲ့သည်ဟု ဆိုသည်။

သတင်းမှန်မမှန်ကို အတည်ပြုရန် မဖြစ်နိုင်သော်လည်း ကာ့မီဒီယကမူ ထိုဖြစ်ရပ်ကြောင့် ရှားရှားပါးပါး လူထုတွင်း ဒေါသူပုန်ထမှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂီတနှင့် ပတ်သက်၍ ကွက်မျက်ခံရမှုမှာ မိုဆူးတွင် ပထမဆုံးဖြစ်ရပ်ဖြစ်ပြီး၊ ယခင်က ရှာရီးယားရုံးတော်က အနောက်တိုင်းဂီတ နားမထောင်ရဟု တရားဝင်ပိတ်ပင်ထားခြင်းမရှိခဲ့ဟု ဆိုသည်။

ARA News ၏ သတင်းပို့ချက်အရ သီးခြားဖြစ်ရပ်တစ်ခုတွင်လည်း အခြားလူငယ်နှစ်ယောက်ကိုလည်း သောကြာနေ့ ဘုရားဝတ်တက်ရန် ပျက်ကွက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ထိုနှစ်ယောက်စလုံးကို တနင်္ဂနွေနေ့က ဗလီအပြင်ဘက်တွင် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required