ဇေယန်မာလစ်ခ်၏ “Pillowtalk” တေးသီချင်း One Direction အဖွဲ့၏ အမေရိကန် တေးဂီတဇယား စံချိန်ကို ချိုးဖျက်

ဇေယန်မာလစ်ခ်၏ “Pillowtalk” တေးသီချင်း One Direction အဖွဲ့၏ အမေရိကန် တေးဂီတဇယား စံချိန်ကို ချိုးဖျက်

One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်၏ ပွဲဦးထွက် တစ်ကိုယ်တော် တေးသီချင်း “Pillowtalk” တေးသီချင်းသည်  ဘေလ်ဘုတ် တေးသီချင်း ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှရပ်တည် နေပြီး One Direction အဖွဲ့၏ စံချိန်ကို ချိုးဖျက်ခဲ့သည်။

“Pillowtalk” တေးသီချင်းဗီဒီယိုသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ထွက်ရှိခဲ့ပြီး  ပထမ သီတင်းပတ်အတွင်း သီချင်းပုဒ်ရေပေါင်း ၂၆၇ ၀၀၀ ရောင်းချခဲ့ရသည့်အပြင်  နားထောင်သူ ၂၂ ဒသမ ၃ သန်း ရှိသည်။

“Pillowtalk” တေးသီချင်းဗီဒီယိုတွင် ဇေယန်၏ ချစ်သူ မော်ဒယ်ဂီဂီဟာဒစ်က ပါဝင် သရုပ်ဆောင်ထားကြောင်းနှင့် လက်ရှိအချိန်ထိ ယင်းတေးသီချင်းသည် ရောင်းအား အကောင်းဆုံး တေးသီချင်း လည်း ဖြစ်သည်။

ဇေယန်မာလစ်ခ်၏ ပွဲဦးထွက် တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် “Mind Of Mine” ကို RCA Records မှတစ်ဆင့် ၂၀၁၆ ခုနှစ် မတ်၂၅ ရက်က ဖြန့်ချိခဲ့ကြောင်းနှင့် ဇေယန်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် “The Tonight Show Starring Jimmy Fallon” အစီစဉ်တွင် တစ်ကိုယ်တော် အဆိုတော်ဖြစ် ပထမဆုံး ဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required