ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦးကို ကွပ်မျက်ရန် စကစ က ဆုံးဖြတ်လိုက်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦးကို ကွပ်မျက်ရန် စကစ က ဆုံးဖြတ်လိုက်ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချ

ဇွန် ၆

အာဏာသိမ်းစစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဇွန်လ ၆ရက် နေ့တွင် ထုတ်ပြန်သည်။

"ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချသည်" ဟု ရေးသားထားသည်။

ထို့အပြင် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် က တောင်းဆိုထားသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦး၏ သေဒဏ်ကိုအတည်ပြုကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်နှင့် ပက်သက်ပြီး နောင်တစ်ချိန်တွင် ခွင့်မလွှတ်နိုင်သည့် အမှားမျိုး ရှောင်ရှားနိုင်ရန် ဆန္ဒပြုကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးထားသလို၊ တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိ ရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို လေးစားပြီး ဆက်လက်ထောက်ခံမည်ဖြစ်ပြီး၊ စစ်ကောင်စီ​၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြင်သစ်​သံရုံးကလည်းထုတ်ပြန်ထားသည်။

#mizzima

#ကိုဂျင်မီ

#ကိုဖြိုးဇေယျာသော်

#ကွပ်မျက်ခြင်းအပေါ်

#အမေရိကန်ပြည်ထောင်စု

#ရှုတ်ချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly