ဘူတန်ဘုရင်နှင့် မိဖုရား ပထမသားတော် ဖွားမြင်

ဘူတန်ဘုရင်နှင့် မိဖုရား ပထမသားတော် ဖွားမြင်

ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck နှင့် မိဖုရား Gyaltsuen Jetsun Pema တို့တွင် ဖေဖော်ဝါရီ ၅ ရက် (ဘူတန်နှစ် ၁၂ လပိုင်း ၂၇ ရက်နေ့)တွင် ပထမဆုံး သားတော်လေးဖွားမြင် သည်။

Thimphu တွင် Lngkana နန်းတော်၌ ကျန်းမာစွာ ဖွားမြင်ခြင်းဖြစ်သည်။ တော်ဝင်ရုံးပြန်ကြားရေးဌာနက တော်ဝင်မင်းသားလေးဖွားမြင်ခြင်းအား သတင်းထုတ်ပြန်သည်။

"မီးဖွားစဉ်မှာ ဘုရင်ကိုယ်တိုင် မိဖုရားဘေး စောင့်ရှောက်ပေးနေကြောင်း၊ ပထမဆုံး နန်းမွေခံ သားတော်လေးတစ်ပါးဖြစ်ကြောင်း" ရေးသားဖော်ပြထားသည်။

"တော်ဝင်မိသားစုတစ်ရပ်လုံး မင်းသားလေးဖွားမြင်မှုအတွက် ဂုဏ်ယူပျော်ရွှင်လျက်ရှိကြောင်း"လည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံဝန်ကြီးချုပ် Tshering Tobgay က မင်းသားလေး ဖွားမြင်ကြောင်း တိုင်းပြည်သို့ ကြေညာရာတွင် ဘူတန်ပြည်သူများအတွက် ကောင်းမွန်သည့် ကံကို ဆောင်ကြဉ်းလာခြင်းဖြစ်ပြီး မင်္ဂလာရှိသော ရက်မြတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required