ဒုက္ခသည်ကလေးငယ် အလန်ကာဒီ၏ ရုပ်အလောင်း ကမ်းခြေတွင် သောင်တင်နေသည့် ပုံစံအတိုင်း တရုတ် ပန်းပုပညာရှင် Ai Weiwei သရုပ်ဆောင်

ဒုက္ခသည်ကလေးငယ် အလန်ကာဒီ၏ ရုပ်အလောင်း ကမ်းခြေတွင် သောင်တင်နေသည့် ပုံစံအတိုင်း တရုတ် ပန်းပုပညာရှင် Ai Weiwei သရုပ်ဆောင်

ရေနစ်သေဆုံးသွားခဲ့သော ဆီးရီးယားဒုက္ခသည် ကလေးငယ် အလန်ကာဒီ (Alan Kurdi) ၏ ရုပ်အလောင်းမှာ ကမ်းခြေတစ်ခုတွင် သောင်တင်သွားခဲ့ပြီး ထိုဓာတ်ပုံမှာ ကမ္ဘာကျော်သွားခဲ့ရာ ယခု အခါတွင် တရုတ် အနုပညာရှင်နှင့် တက်ကြွလှှုပ်ရှားသူ Ai Weiwei က ထိုဓာတ်ပုံအား ပြန်လည် ဖန်တီးခဲ့သည်။

ကာဒီတို့ မိသားစု လိုက်ပါလာခဲ့သော လှေ တိမ်းမှောက်သွားခဲ့ပြီးနောက် ကာဒီမှာ ရေနစ် သေဆုံးသွားခဲ့ခြင်းဖြစ်ကာ၊ သူ၏ ရုပ်အလောင်းမှာ တူရကီ ကမ်းခြေတစ်ခုတွင် သောင်တင်ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် သေဆုံးနေသည့် ပုံစံအတိုင်း သရုပ်ဆောင်ထားသော တရုတ် ပန်းပုပညာရှင် Ai Weiwei ၏ ဓာတ်ပုံကို ဂရိကျွန်း Lesbos တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ Ai Weiwei သည် ထိုကျွန်းတွင် စတူဒီယို တစ်ခု တည်ထောင်ထားသည်။

ဓာတ်ပုံဆရာ Rohit Chawla ရိုက်ကူးထားသည့် ထို အဖြူအမည်း ဓာတ်ပုံကို အိန္ဒိယ အနုပ ညာပွဲတော်တွင် ပြသသွားမည် ဖြစ်ကြောင်း Washington Post သတင်းစာက ရေးသား ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required