EXO အဖွဲ့ဝင် Lay စတန့်ပြကွက် ရိုက်ကူးစဉ် ဒဏ်ရာရရှိခဲ့

EXO အဖွဲ့ဝင် Lay စတန့်ပြကွက် ရိုက်ကူးစဉ် ဒဏ်ရာရရှိခဲ့

အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့ဝင် Lay သည် တရုတ်ရုပ်ရှင်ကားအတွက် စတန့်ပြကွက် ရိုက်ကူးမှုအတွင်း မော်တော်ဆိုင်ကယ် စီးနင်းစဉ် ဒဏ်ရာရှိခဲ့ကြောင်း တရုတ်မီဒီယားတစ်ခုက ဇန်နဝါ ရီ ၃၁ ရက်တွင် ပြောကြားသည်။

Lay သည် မကြာမီ ထုတ်လွှင့်ပြသမည့် တရုတ်ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ Lay သည် ကျောဘက်တွင် ဒဏ်ရာရရှိခဲ့ခြင်ဖြစ်ပြီး ဒေသတွင်း ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာသည် ယင်းအ ချိန်က ပြင်းထန်သည်ဟု ထင်ရသော်လည်း Lay သည် အနားယူခဲ့ပြီနောက် ပြန်လည်ကောင်းမွန် လာပြီ ဖြစ်သည်။

Lay  သည် လက်ရှိအချိန်တွင် EXO အဖွဲ့၏ တရုတ်အဖွဲ့ဝင် တစ်ဦးသာဖြစ်ပြီး အဆိုတော်၊ ဖျော်ဖြေသူနှင့် သရုပ်ဆောင်မင်းသားအဖြစ် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အနုပညာအလုပ် များ လုပ်ကိုင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required