စပါးတောင်ပံကစားသမား တောင်းဆန့်ကိုခေါ်ရန် နယူးကာဆယ် သဘောတူညီမှုရ

စပါးတောင်ပံကစားသမား တောင်းဆန့်ကိုခေါ်ရန် နယူးကာဆယ် သဘောတူညီမှုရ

ဇန်နဝါရီ ၂၇၊ နယူးကာဆယ် ။           ။ နယူးကာဆယ်အသင်းသည် ပေါင် ၁၂ သန်းဟု ယူဆရဖွယ်ရှိသည့် စပါးတောင်ပံကစားသမား တောင်းဆန့်၏ပြောင်းရွှေ့ကြေးကို  သဘောတူလိုက်ပြီဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိအင်္ဂလန်ကစားသမားသည် ယခုနှစ်ဘောလုံးရာသီပရီးမီးယားလိဂ်တွင် လူစားဝင်ကစားသမားအဖြစ် သုံးပွဲသာ ကစားခဲ့ရသည်။ အင်္ဂလန်လက်ရွေးစင်အတွက် ၁၀ ပွဲကစား ထားသော တောင်းဆန့်သည် နိုင်ဝင်ဘာလအတွင်းက ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲတွင် ကြံ့ခိုင်ရေးနည်းပြ ဂါဒီနာနှင့်အချင်းများခဲ့ပြီးနောက်ပိုင်းကတည်းက နေရာပျောက်နေသူဖြစ်သည်။

နယူးကာဆယ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်ကစားသမားများအဖြစ် ရှယ်ဗေးနှင့် ဆိုင်ဗက်တို့ကို ခေါ်ယူ ထားခဲ့ပြီးဖြစ်သည်။

တောင်းဆန့်သည် အသက် ရှစ်နှစ်အရွယ်ကတည်းက စပါးအကယ်ဒမီသို့ရောက်ရှိခဲ့ပြီး ၂၀၁၃-၁၄ ရာသီမတိုင်မီအထိ ပွဲထွက်ခွင့်မရခဲ့ဘဲ အခြားအသင်းများသို့ အငှားကစားသမားအဖြစ် ကိုးကြိမ်သွားရောက်ကစားခဲ့ရသည်။

လက်ရှိရာသီတွင်လည်း ယူရိုပါလိဂ်နှစ်ပွဲ၊ အာဆင်နယ်ကိုရှုံးခဲ့သည့် ကက်ပီတယ်ဝမ်းဖလားပွဲတစ်ပွဲတို့တွင်သာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required