Instyle မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ကင်ထယ်ဟီး

Instyle မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ကင်ထယ်ဟီး

တောင်ကိုရီးယား မင်းသမီး ကင်ထယ်ဟီးသည် Instyle ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပေးခဲ့ရာ ၎င်း၏ ဆံပင်တိုပုံစံသစ်ကို အသားပေး ဖော်ပြထားသည်။

ထုတ်ဖော်ပြသခဲ့သော ဓာတ်ပုံတွင် ကင်သည် အကျီလက်ပြတ်ဂါဝန်ကို ဝတ်ဆင်ထားကာ ရွှေရောင်လက်စွပ်နှင့် လက်ကောက်တို့ကို လိုက်ဖက်အောင် ဝတ်ဆင်ထားသည်ကို တွေ့ရပြီး ပန်းရောင်အဖျော့ နှုတ်ခမ်းနီးကို ဆိုးထားကာ မကြာမီ ရောက်လာတော့မည့် နွေဦးရာသီနှင့် လိုက်ဖက် သည့် ချစ်စဖွယ် ဖက်ရှင်ပုံစံဖြင့် ရင်သပ်ရှုမောဖွယ် လှပနေသည်ကို တွေ့ရသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ကင်သည် ပြီးခဲ့သည့်နှစ်က “Yong-Pal” ဒရမ်မာဇာတ်ကားတွင် မင်းသား ဂျိုဝန်နှင့်အတူ သရုပ်ဆာင်ထားသည်။ ကင်သည် မဝေးတော့သည့် အနာဂတ်တွင် ရုပ်ရှင် ဇာတ်ကားကြီးများကို ပြန်လည် ရိုက်ကူးနိုင်ဖွယ် ရှိသော်လည်း တရားဝင် အတည်ပြု ပြောကြားခြင်း မရှိသေးပေ။

ကင်၏ ဓာတ်ပုံများကို Instyle မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်တွင် မြင်တွေ့ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly