LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
Photo: မလေးရှားနဲ့ ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်ကို သရေကျတဲ့ မြန်မာ

Malaysia 1 – 1 Myanmar (FT)

မလေးရှားအသင်းနဲ့ မြန်မာအသင်းတို့ ကစားခဲ့တဲ့ ဆီးဂိမ်းအဖွင့်ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်သင်းစလုံး ရမှတ်တစ်မှတ်စီနဲ့ ကျေနပ်လိုက်ရပြီဖြစ်ပေမယ့် မြန်မာအသင်းရဲ့ ကစားပုံက ပိုပြီး ကောင်းမွန်လာခဲ့တာကိုတော့ တွေ့ရတယ်ခင်ဗျာ။

မြန်မာအသင်းရဲ့ လာမယ့် ဆီးဂိမ်းပွဲစဉ်တွေကိုလည်း Mizzima ကနေ တိုက်ရိုက် Live Commentary ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်း စောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ…။

Injury Times (+4)

ပွဲချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားတယ် ခင်ဗျာ။

90 Min

ပွဲကစားချိန်က မိနစ် (၉၀) အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာမှ ဂိုးပေးလိုက်ရရင် ဘယ်လိုမှ ချေပဖို့ မဖြစ်နိုင်တော့တာကြောင့် နှစ်သင်းစလုံးက ဂိုးမပေးရဖို့ အာရုံစိုက်နေကြပါပြီ။ မလေးရှားအသင်းက ပွဲပြီးခါနီးမှာမှ မြန်မာအသင်းဖက်ကို ပိုမိုဖိအားပေး ကစားနေတယ်ခင်ဗျာ။

88 Min

မြန်မာအသင်းနည်းပြ ပိုပေါ့ ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်နေပြီး ကွင်းဘေးကနေ အော်ဟစ်နေတယ်ခင်ဗျာ။

မလေးရှားအသင်းက ဒီတစ်ကြိမ်မှာ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပြီး ခေါင်းတိုက်ချက်က ဂိုးပေါက်နဲ့ အနည်းငယ် လွဲသွားခဲ့ရတာပါ။

Mizzima Weekly