LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)

25 November 2019
LIVE: မလေးရှား ၁-၁ မြန်မာ (Full-time)
2019 SEA Games Group Stage November 25, 2:30

Malaysia
1-1 (FT)
Hadi Fayyadh 23' Soe Moe Kyaw 13'
Stadium - ရီဇယ်မန်မိုရီရယ်
86 Min

ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ နှစ်သင်းစလုံးက ကြမ်းတမ်းတဲ့ ကစားပုံတွေ သုံးလာကြတယ် ခင်ဗျာ။ ကွင်းလယ်မှာ ကစားသမားတွေရဲ့ ဖျက်ထုတ်မှုတွေက ပြင်းထန်လာကြပြီး မြန်မာအသင်းအနေနဲ့ သူတို့မှာ အဝါကတ်အပြခံထားရသူတွေများတယ်ဆိုတာ သတိထားဖို့တော့ လိုပါလိမ့်မယ်။

84 Min

မြန်မာအသင်းနဲ့ မလေးကစားသမားတွေရဲ့ ရန်ပွဲကို တွေ့နေရတာ ခင်ဗျာ။ မြန်မာအသင်းခေါင်းဆောင် လှိုင်းဘိုဘိုနဲ့ မလေးရှားအသင်းခေါင်းဆောင်တို့ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပြီး ကွင်းလယ်ဒိုင်က မလေးအသင်းခေါင်းဆောင်ကို အဝါကတ် ပြလိုက်ပါတယ်။

82 Min

တဖြည်းဖြည်းနဲ့ ပွဲပြီးဆုံးဖို့ နီးကပ်လာခဲ့ပြီိ ခင်ဗျာ။ ပထမပိုင်းမှာ သွက်လက်တဲ့ ကစားပုံတွေနဲ့ အကျိတ်အနယ် ရှိကြခဲ့ပေမယ့်လည်း ပွဲချိန် ဒုတိယပိုင်းမှာတော့ ဘာမှန်းမသိတဲ့ ကစားပုံတွေ ဖြစ်ကုန်ကြပြီး ဘောလုံးက ကွင်းလယ်မှာတင် အချိန်ကုန်နေခဲ့ကြတာပါ။ လက်ရှိအချိန်အထိလည်း ပထမပိုင်းမှာ သွင်းယူထားတဲ့ (၁-၁) ဆိုတဲ့ ရလဒ်နဲ့ ဆက်သွားနေဆဲပါပဲ။

80 Min

မြန်မာအသင်းက လူစားလဲမှုအနေနဲ့ မြတ်ကောင်းခန့် ရဲ့ နေရာမှာ နေမိုးနိုင် ကို ထည့်သွင်းကစားတယ် ခင်ဗျာ။

79 Min

ကွင်းအတွင်းမှာ မလေးရှားအသင်း ကစားသမား နှစ်ယောက်လောက် ကြွက်တက်နေခဲ့ပြီး ထမ်းစင်နဲ့ ထုတ်သွားရတဲ့ အခြေအနေတွေတောင် ဖြစ်ကုန်ပါပြီ။