ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးဝါးအမှုဖြင့် ဆက်လက်တရားရင်ဆိုင်နေရ

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးဝါးအမှုဖြင့် ဆက်လက်တရားရင်ဆိုင်နေရ

ဖေဖော်ဝါရီလ ၆ ရက်

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ် ကျခံနေရသည့် သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါးအမှု ပုဒ်မ ၁၆ (ဂ)ဖြင့် ဆက်လက်တရားရင်ဆိုင်နေရကြောင်း အင်းစိန်ထောင်တွင်းသတင်းအရစ်အမြစ်တစ်ဦးက မဇ္စျိမကို ပြောသည်။

မူးယစ်ဆေးဝါးပုဒ်မ ၁၆(ဂ)အမှုနှင့်ပတ်သက်၍ မနက်ဖြန် ဖေဖော်ဝါရီ ၇ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ သရုပ်ဆောင်ရဲတိုက်ကို လူကိုယ်တိုင် ရုံးထုတ်မည်ဖြစ်ပြီး၊ အမှုအတွက် တရားလိုအား စတင်စစ်ဆေးသွားတော့မည်ဖြစ်သည်ဟုဆိုသည်။

ယင်း အမှုဖြစ်စဉ်သည် စစ်ကောင်စီက သရုပ်ဆောင်ရဲတိုက်အား နိုင်ငံရေးနှင့်နွယ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်း၀ရမ်းထုတ်သည့် ဧပြီ ၃ ရက်နေ့ ည ၈ နာရီအချိန်တွင် သမိုင်းလမ်းဆုံ၌ ဘုရင့်နောင်နယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် ပျောက်ကျားလွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါး ၁၁ပြားနှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ ယင်းအပေါ် ရဲတိုက်က သူ၏ ပစ္စည်များမဟုတ်ကြောင်းနှင့် ယင်းနေ့က ပျောက်ကျားလွယ်အိတ်လွယ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

“ ကိုရဲတိုက်ကို ရှာဖွေတဲ့အခါမှာ ပျောက်ကျားလွယ်အိတ်ထဲက မူးယစ်ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေမိတယ်ဆိုပြီးတော့မှ ၁၆(ဂ)နဲ့ စွဲထားတဲ့ အမှုပါ။ ကိုရဲတိုက်ကို ကျွန်တော်တို့ မေးတဲ့အခါကျတော့ ဒီပစ္စည်းတွေက သူ့ပစ္စည်းမဟုတ်ဘူး။ ပျောက်ကျားလွယ်အိတ်လည်းမလွယ်ထားဘူး။ အဲ့ဒီနေ့မှာ သူက ဒန်နီလို့ခေါ်တဲ့ အိတ်ဆယ်အိတ်ပါတဲ့ ၀တ်စုံကြီးကိုဘဲ၀တ်ထားတာ။ သူ့ပစ္စည်းတွေ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။” ဆိုသည်။

ယင်းအမှုအား ကနဦးတွင် အင်းစိန်အကျဉ်းထောင်အတွင်းရှိ  မရမ်းကုန်မြို့နယ် အထူးတရားရုံးက စစ်ဆေးနေရာမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အတွက် ပြစ်ဒဏ်ချမှတ်ခံထားရပြီးသောကြောင့် သီးခြားအမှုအနေဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးခြင်းဖြစ်သည်။

“ ၅၀၅(က)က နိုင်ငံရေးနဲ့ နွယ် တဲ့ပုဒ်မဖြစ်တဲ့ အတွက် အင်းစိန်ဗဟိုအကျသ်းထောင်တွင်းမှာ ဖွင့်လှစ်တဲ့ လသာမြို့နယ်အထူးတရားရုံးမှာ အမှုရင်ဆိုင်ရတယ်။ တပြိုင်တည်းမှာဘဲ မူးယစ်ဆေးပုဒ်မနဲ့ ဖွင့်ထားတဲ့ အမှုအတွက် မရမ်းကုန်းမြို့နယ် အထူးတရားရုံးမှာ ရင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီလိုရင်ဆိုင်နေရင်းနဲ့ ၅၀၅-က နဲ့ ဇန်နဝါရီ ၃၀ ရက်မှာ အမိန့်ကို အပြီးသတ်ချမှတ်လိုက်တယ်။ ကျန်နေတဲ့ မူးယစ်စိတ်ပြောင်း ပုဒ်မသည်  ၅၀၅-က နဲ့ သက်ဆိုင်ခြင်းမရှိတော့တဲ့ အတွက် သီးခြားပုဒ်မဖြစ်တဲ့ အတွက် ရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးမှာ ကိုရဲထိုက်ကို ရုံးထုတ်ပြီး စစ်ဆေးတာဖြစ်ပါတယ်။” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly