အခြေခံဝန်ထမ်းများအနေဖြင့် တိုက်ခန်းအရစ်ကျဝယ်ရန်ခက်ခဲနေ

အခြေခံဝန်ထမ်းများအနေဖြင့် တိုက်ခန်းအရစ်ကျဝယ်ရန်ခက်ခဲနေ
မန္တလေးမြို ့၊ ချမ်းမြသာစည်မြို ့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ တန်ဖိုးနည်းအိမ်ယာစီမံကိန်းအဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ ့ ကတွေ ့ရစဉ်။ ၄င်းအိမ်ယာတွင် RC (၈)ခန်းတွဲ(၄)ထပ် ပုံစံနှင့် RC (၄)ခန်းတွဲ(၄)ထပ် ပုံစံ ဆောက်လုပ်ထားသည်။ (ဓာတ်ပုံ-ဘိုဘို မဇ္စျိမ)

 ရန်ကုန်၊ဒီဇင်ဘာ ၃၁ ။          ။ ဘဏ်အချို့မှ အရစ်ကျဝယ်ယူရန် ဆောင်ရွက်ပေးနေသည့်ဟုဆိုသော်လည်း လက်တွေ့တွင် ဝင်ငွေနည်းပါးသည့် အခြေခံဝန်ထမ်းများအနေဖြင့် အိမ်၊တိုက်ခန်းများ ဝယ်ယူရန်ခက်ခဲနေဆဲဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

"အခုတွေနေတဲ့ အခက်အခဲကဘာလဲဆိုရင် မိသားစုတစ်စုကအိမ်တစ်အိမ်ကိုဝယ်ချင်တဲ့ ကိစ္စနဲ့ပါတ်သတ်လို့ သူ့မှာ Down Payment မပေးနိုင်တဲ့ကိစ္စ ကြုံတွေ့ နေရတယ်။ ပြီးတော့တစ်ခါ သူရဲ့ဝင်ငွေထဲကနေပြီးတော့မှ တစ်လတစ်လကိုပေးရမယ့် ဒီနှုန်းထား ပြန်လည်ပေးဆပ်ဖို့အတွက် မပြေလည်နိုင်သေးတဲ့ အချက်အလက် တွေလည်းတွေ့ရတယ်။ " ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော် ကပြောသည်။

၂၀၁၁-၂၀၁၅ ခုနှစ်အတွင် အိမ်ရာဖွံ့ဖြိုးမှုအတွက် တန်ဘိုးသင့်အိမ်ရာဖော်ထုတ်မျိုးရှိခဲ့ပြီး မြို့သစ်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ခဲ့သော်လည်း အိမ်ရာပိုင်ဆိုင်ခြင်းမရှိသူများအတွက် ခက်ခဲနေဆဲဖြစ်ကြောင်းအဓိကအနေဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများ၏အာမခံပေးနိုင်မှုနှင့် မူဝါဒပိုင်းဆိုင်ရာအားပေးနိုင်ရန်လိုအပ်နေကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးကြည်စိုး (IC)က ဆိုသည်။

"တစ်နေ့လုံးလုပ်မှ သုံးထောင့်ခြောက်ရာတဲ့ အဲဒီလောက်နှိမ့်ကျနေတဲ့ လူတစ်စုကအများကြီးရှိနေတယ်၊  နှစ်သုံးဆယ်မဟုတ်ဘူး၊ နှစ်ငါးဆယ် ဆိုလည်းသူတို့ မပေးနိုင်ဘူး၊ ဘဏ်ကလည်းမပေးဘူး၊ မယုံဘူး ၃၆၀၀ကျပ်ဆိုတာဟိုရောက်ဒီရောက် အဲလူတွေ အများကြီးရှိတယ်။"ဟု၎င်းကရှင်းပြသည်။

အရစ်ကျ စနစ်ပေါ်ထွန်းလာရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် အရေးကြီးဆုံးဖြစ်ပြီး ဗဟိုဘဏ်နှင့်အစိုးရက ထောက်ပံ့ပေးမှသာ ပုဂ္ဂလိကဘဏ်များ အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ကြောင်း iMyanmarHouse.com မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required