ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု

ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု
(ဓာတ်ပုံ မဇ္စျိမ)
 

နေပြည်တော်၊ဒီဇင်ဘာ ၁၉ ။            ။ ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း(Luxury Goods)တင်သွင်းမှုများကို ရပ်ဆိုင်းနိုင်ရန် ပြည်လည်သုံးသပ်သင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီမှ အစိုးရသို့ အကြုံပြုထားသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွင်း၌ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေ မှာ (၁၆ )ဘီလီယံကျော်အထိဖြစ်ပေါ်နေကြောင်းနှင့်ယင်းကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခြင်း၏ အကြောင်းအရင်း တစ်ခု ဖြစ်သော မလိုအပ်သောတစ်ဦးချင်း၏ လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း( Lux ury Goods)တင်သွင်းခြင်းကို ရပ်ဆိုင်းသင့်သည့် ကိစ္စရပ်များ ရပ်ဆိုင်းနိုင်ရန် မူဝါဒရေးရာအပိုင်းကို အမြန်ဆုံး ပြန်လည် စိစစ်သုံးသပ်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

၂၀၁၅ခုနှစ်ဧပြီလမှ ၂၀၁၆ခုနှစ်၊စက်တင်ဘာလအထိ ခြောက်လအတွင်း ကုန်သွယ်မှုပမာဏ ရည်မှန်း ၏ (၁၁၂.၄)ရာခိုင်နှုန်းအကောင်းအထည်အဖော်နိုင်သည်ဆိုသော်လည်း ကုန်သွယ်မှုလိုငွေမှာ (၁၆, ၁၁၁. ၃၃၄) ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်၏ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ကော် မတီမှ ပြည် ထောင်စုလွှတ်တော်တွင် အစီအရင်ခံခဲ့သည်။

ယခုအချိန်တွင် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများသည် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရဝန်ကြီး ဌာန များနှင့် တိုက်ရိုက်ညှိုနိုင်းဆက်သွယ်ဆောင်ရွက်မှုများမရှိပဲ နိုင်ငံတော်သမ္မတရုံးနှင့်သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နေသဖြင့် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးဝန်ကြီးရုံများမှ ဆောင်ရွက်သည့်ကိစ္စရပ်များအဆင်ပြေ ချောမွေ့စေရေးးအတွက် မူဝါဒပိုင်းနှင့်စီမံခန့်ခွဲမှုများ အလျင်အမြန်ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်လိုအပ်ကြောင်း လည်း အကြံပြုထားသည်။

 နိုင်ငံရေး၊လူမှုရေးနှင့်စီးပွားရေး၊အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုစနစ်၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး ပြုပြင်ပြောင်းလဲမှုများတွင် အမှန်တကယ်ရေရှည်တည့်တဲ့ခိုင်မြဲသော အကျိုးသက်မှုများရှိ   သောပြုပြင် ပြောင်းလဲမှုများ ဖြစ်သင့်ကြောင်းလည်း အကြံပြုထားသည်။

“ ကော်မတီရဲ့ တိုက်တွန်းချက်၊အကြံပြုချက်၊သဘောထားမှတ်ချက်တို့ကို အစိုးရအနေနဲ့နှင့် စနစ်တကျ ပြန်လည်သုံးသပ်စေလိုပါတယ်“ ဟု အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ဒီဇင်ဘာလ(၁၈) ရက်နေ့က ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required