ဇော်ဝင်းထွဋ်၏ ဂျစ်ပစီ Night Rock Concert ဖျော်ဖြေပွဲ သက်သာသည့်နှုန်းဖြင့်လက်မှတ်ရောင်းချမည်

ဇော်ဝင်းထွဋ်၏ ဂျစ်ပစီ Night Rock Concert ဖျော်ဖြေပွဲ သက်သာသည့်နှုန်းဖြင့်လက်မှတ်ရောင်းချမည်
ဂျစ်ပစီ Night Rock Concert ရဲ့ Title သီချင်းဖြစ်သည့် ဂျပစီမိုးတိမ်သီချင်းရေးသားသူ စကားလုံးဝင်းမင်းထွေးကို သီချင်းမူပိုင်ခွင့်အတွက် ကျပ်ငွေ ၁၀သိန်းချီးမြှင့်စဉ်။ (ဓာတ်ပုံ သက်ကို မဇ္စျိမ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ။              ။ အဆိုတော် ဇော်ဝင်းထွဋ်၏ Rock ချစ်သူများ အတွက် ဂျစ်ပစီ Night Rock Concert ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ Out Door တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး လက်မှတ် များကို ဈေးနှုန်း သက်သာ စွာဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ် က "လက်မှတ် တစ်စောင်ကို ၃ထောင် ဖြစ်မလား ၅ထောင် ဖြစ်မလား ၃၅၀၀ ဖြစ် မလား တော့ မသိသေးဘူး။ New Year ညမှာ အားလုံး စုပြီး ပျော်ပျော်ပါးပါး ဖြစ်အောင် လုပ်ပေးချင်တာ ။ ဈေးအပေါအဆုံး နဲ့ လုပ်ပေး မယ်။ လုံခြုံရေး ကိုတော့ အဓိက ထား စီစဉ် ရမှာပေါ့ ။ တေးသီချင်း အပုဒ် ၂၀ ဖြစ်ဖြစ် ၃၀ ဖြစ်ဖြစ် ဆိုဖို့တော့ စဉ်းစား ထားတယ်" ဟု ပြောသည်။

ဂျစ်ပစီ Night Rock Concert ဖျော်ဖြေပွဲ ည တွင် အဆိုတော် ဇော်ဝင်းထွဋ် မှ လာရောက် ကြည့်ရှု ကြသည့် ပရိသတ် များကို ၎င်း၏ တေးသီချင်း အသစ် တစ်ပုဒ် ပါဝင်သည့် စီဒီ အချပ်ကို လက်ဆောင် ပေးသွားမည် ဖြစ် ပြီး အဆိုတော် ဇော်ဝင်းထွဋ် သီဆို ထားပြီး ၎င်းကိုယ်တိုင် ကြိုက်နှစ်သက်သည့် တေးသီချင်း ၁၂ပုဒ်ကို လက်ရွေး စင် အဖြစ် စုစည်းပြီး CD ဖြင့် ပရိသတ် များကို လက် ဆောင် ပေးရန်လည်း စီစဉ် ထားသည်။

အဆိုတော် ဇော်ဝင်းထွဋ် က "ကျွန်တော် သီချင်း တစ်ပုဒ် ကိုတော့ အဲနေ့မှာ ပေးဖြစ်အောင် ပေးမယ်။ အွန်လိုင်းမှာလည်း တင်မယ်။ ပြီးတော့ ကျွန်တော် ဆိုချင်တဲ့ သီချင်းတွေ ပြန်ပြန်ပြီး ဆိုပြီး သိမ်းထားတာတွေ ရှိတယ် အဲတာတွေကို အသံသွင်း ထားတာ အပုဒ် ၄၀လောက် ရှိတယ်။ ၁၂ပုဒ် ကတော့ အဆင်သင့် ဖြစ်နေပြီ ။ အဲဒီ ၁၂ပုဒ်ကိုလည်း CD နဲ့ လက်ဆောင် ပေးဖို့ စဉ်းစား ထားတယ်။ သူတို့ ကြားပြီးသား သီချင်းတွေကို နည်းနည်း ပြောင်း ဆို ထားတာပေါ့ အဲဒီ ၁၂ပုဒ်ထဲကိုပဲ ခုနက သီချင်း အသစ် ၁ပုဒ်ကို Bonus အနေနဲ့ ထည့်ပေးရင် ကောင်းမလား အဲလိုတော့ စဉ်းစား နေတယ်" ဟု ဆိုသည်။

ထို ဖျော်ဖြေပွဲတွင် အဆိုတော် ဇော်ဝင်းထွဋ္ဋ် မှ ၎င်း Emperor Fan တွေ တောင်းဆိုသည့် တေးသီချင်း များကို သီဆို ပေးသွားမည် ဖြစ်သလို စင်ပေါ်တွင် တောင်းသည့် သီချင်းကို ဆိုပေး တာမျိုး မဟုတ်ပဲ Fan တွေ စာရင်း ပေးထားသည့် သီချင်းများကို သီဆို ရန် စီစဉ် ထားသည်။

အဆိုတော် ဇော်ဝင်းထွဋ် သည် ၂၀၁၆ ခုနှစ် မတ်လတွင် ကျရောက်မည့် ၎င်း၏ မွေးနေ့ကို ပုဂံတွင် ပြုလုပ် မည် ဖြစ်ပြီး  မွေးနေ့ အမှတ်တရ အဖြစ် ရှိုးပွဲ ပြုလုပ်ရန်လည်း စီစဉ် ထားသလို လက်ရှိတွင် တာဝန်ရှိ များ နှင့် ညှိနှိုင်း နေပြီး အဆင်ပြေ ခဲ့ပါက ပုဂံတွင် မွေးနေ့ အမှတ်တရ အဖြစ် Free Show ပြုလုပ်ရန် စီစဉ် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly