ဖျာပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

ဖျာပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

ဖျာပုံမြို့ အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုပု ဆိုသူကို အမည်မသိ သေနတ်သမားတစ်ဦးက စက်တင်ဘာ ၅ ရက် ညနေ ၆နာရီခန့်တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ခြင်းခတ်ပြီး ပြန်လာသည့် ဦးချိုပုကို အမည်မသိသေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးချိုပု၏ ပေါင်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ဦးချိုပုကို ဆိုင်ကယ်နဲ့လိုက်ပြီးပစ်တာ ပထမ တစ်ချက်ကလွဲပြီး နောက်တစ်ချက်မှာပေါင်ကိုထိသွားတယ်လို့ပြောတယ်ဗျ။ ဖြစ်သွားတဲ့နေရာကို ဒလန်တွေနဲ့ ရဲတွေပဲ သေသေချာချာသွားကြည့်ရဲတာ ကျန်တဲ့သူက သေသေချာချာသွားမကြည့်ရဲဘူး။  တရားခံလို့စွပ်စွဲပြီးဖမ်းမှာ ကြောက်လို့ပါ"လို့ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်အပြီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့်ရဲများက ပိတ်ဆို့ရှာဖွေမှုများနှင့်  မတရားဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို ပြည်သူလူထုက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly