ကျောက်ဆည်မြို့မှ တပ်ကြပ်တစ်ဦး လက်နက်ရောင်းထွက်ပြေးတယ်ဆိုတာ သတင်းအမှားသာဖြစ်

ကျောက်ဆည်မြို့မှ တပ်ကြပ်တစ်ဦး လက်နက်ရောင်းထွက်ပြေးတယ်ဆိုတာ သတင်းအမှားသာဖြစ်

ကျောက်ဆည်မှ တပ်ကြပ်ကြီးတစ်ဦး လက်နက်ရောင်းထွက်ပြေးတဲ့သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့မှ ပြောကြားပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့ ညနေက ကျောက်ဆည်မြို့ အနောက်ဘက် ရွာတစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးဟာ "ဥတနမင်း​၏တမာန်တော်များ"ထံဆက်သွယ်လို့ MA3 သေနတ် ကျည်အတောင့် ငါးဆယ် နဲ့ လက်ပစ်ဗုံးတစ်လုံးကို မြန်မာငွေကျပ် ၂၈ သိန်းကျော်အပါအဝင်ဆိုင်ကယ်တစ်စီးနဲ့ လဲယူသွားကြောင်း ကျောက်ဆည် သတင်းပေ့ချ်မှ တင်ထားတယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ 

ဒါနဲ့ပက်သက်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်ရာမှာ အဆိုပါ ဖြစ်စဉ်ကို မသိရှိကြောင်း အခုလို ဖြေကြားပါတယ်။

"လက်ရှိမြေပြင်သတင်း‌ေတွအရ အဆိုပါဖြစ်စဉ်အား သတင်းပေးပို့မှု မရှိသေးကြောင်းနဲ့ကျောက်ဆည်မှာ အခုလိုလက်နက်မရှိသေးကြောင်း" ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံထဲက လက်နက်ဟာ ကျောက်ဆည်မှာရှိနေတဲ့ စစ်သားများအသုံးပြုတဲ့ လက်နက်ပုံမဟုတ်ကြောင်းနဲ့ အဆိုပါ ဓာတ်ပုံကတော့ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ အရင်လေ့ကျင့်ရေးနေရာမှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်နိုင်ကြောင်း သူကသုံးသပ်သွားပါတယ်။ 

ဒါကြောင့် ဩဂုတ်လ ၃၀ ရက်နေ့က ကျောက်ဆည်မှ တပ်ကြပ်ကြီးတစ်ဦးဟာ လက်နက်ရောင်းထွက်ပြေးတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ သတင်းအမှားသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly