ပန်ခမ်းမြို့တွင် ပုံမှန်အတိုင်းသွားလာနိုင်ပြီဟု UWSA ကြေညာ

ပန်ခမ်းမြို့တွင် ပုံမှန်အတိုင်းသွားလာနိုင်ပြီဟု UWSA ကြေညာ

ဩဂုတ် ၂၃

ပန်ခမ်းမြို့တွင် အပြင်ထွက်ခွင့် ထိန်းချုပ်ကန့်သတ်မှု (Lockdown) ပြုလုပ်ပြီး တစ်မြို့လုံးရှိလူများအား Covid -19 ရောဂါပိုး ရှိမရှိ စစ်ဆေးရာ အားလုံးတွင် ပိုးမရှိကြောင်း ဆေးစစ်အဖြေထွက်သည့်အတွက် ပုံမှန်အတိုင်း သွားလာနိုင်ကြောင်း UWSA ကြေညာလိုက်သည်။

ဩဂုတ် ၂၁ ရက်က စတင်၍ ပန်ခမ်းမြို့ရှိ လူများအား ဒုတိယအကြိမ် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စုစုပေါင်း စစ်ဆေးသူ ၅၂,၉၂၂ ဦး ရှိပြီး ဆေးစစ်သူများအားလုံးမှာ ပိုးမရှိဟု ဆေးစစ်အဖြေ ထွက်ခဲ့ခြင်းဖြစ်သည်။

“ ပန်ခမ်းမြို့ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း သြဂုတ် ၂၁ ရက် ည ၈:၀၀ နာရီအချိန်မှစ၍ ပုံမုန်သွားလာနိုင်ပြီ” ဟု UWSA မှထုတ်ပြန်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ပညာရှင်တချို့၏ အကြံပေးချက်အရ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်ကစတင်၍ မြို့တွင်းနေထိုင်သူအားလုံးကို အခမဲ့ ‌‌ေဆးစစ်ပေးခဲ့ခြင်း ဖြစ်သည်။

COVID-19 ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ “ဝ” သတင်းဌာနများမှ သတင်းများ ထုတ်ပြန်ပေးနေပြီး ကောလာဟလများကို မယုံကြရန်နှင့် မဖြန့်ဖြူးကြရန် UWSA ကတိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly