ပန်ဆိုင်းတွင် တိုက်ပွဲပြင်းထန်၊ ကချင်နှစ်ခြင်း ဘုရားကျောင်း၀င်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ပန်ဆိုင်းတွင် တိုက်ပွဲပြင်းထန်၊ ကချင်နှစ်ခြင်း ဘုရားကျောင်း၀င်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ဩဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်/ပန်ဆိုင်းမြို့တွင် KIA၊MNDAA ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ယနေ့(သြဂုတ် ၂၀ ရက်)နေ့လယ်တွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားပြီး ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိသည်ဟု ဒေသခံများက သတင်းပေးပို့ထားသည်။

ကြူကုတ်/ပန်ဆိုင်းမြို့ မြင်တန်တောင်ကြောတွင် တိုက်ပွဲ ​ဖြစ်နေပြီး ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" အရပ်သား ထိခိုက်သတင်းတော့ မကြားသေးဘူး။ အရင်ရက်က တိုက်ပွဲ​ကြောင့် အရပ်သားတွေ ပြေးနေရတယ်။ အခုလည်း ပြေးနေရတယ်။စစ်တပ်( စစ်ကောင်စီ)ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်နေတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

KIAနှင့် MNDAAတို့ ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များသည် ကြူကုတ်/ပန်ဆိုင်းမြို့တွင် သြဂုတ် ၆ ရက်က စ၍ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားဦးရေ ၁,၀၀၀ ကျော်သည် နယ်စပ်တစ်လျှောက် ဘေးလွတ်ရာတွင် ခိုလှုံနေရသည်။

K.I.A တပ်မဟာ(၆)နှင့် MNDAAတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များကိုတိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ ညနေ သုံးနာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required