ကမာရွတ် ဒလန်ဟုကျော်ကြားသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ကမာရွတ် ဒလန်ဟုကျော်ကြားသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ဩဂုတ် ၁၇

ကမာရွတ်မြို့နယ်မှ ဒလန်တင်လှဟု လူသိများသူတစ်ဦး ခေါင်းကိုသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ကမာရွတ်မြို့နယ်၊အမှတ် (၃)ရပ်ကွက်၊ ထန်းတပင်လမ်းနှင့် စေတနာသုလမ်းထောင့်အနီးခြံအမှတ် (၁၇) တွင်အကြမ်းဖက်စစ်ကောင်စီ သတင်းပေး တင်လှမှာ သြဂုတ် ၁၇ရက်မနက် ၅ နာရီခန့်ကပစ်သတ်ခံရခြင်းဖြစ်သည်။

"သူတို့ရပ်ကွက်ထဲမှာ ဒလန်စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတာ မနက်ကအော်သံကြားတော့ အပစ်ခံရပြီးသေနေပြီ" ဟု ရပ်ကွက်နေထိုင်သူတဦးကပြောသည်။

ထိုသို့ပစ်ခံရပြီးနောက် မနက် ၈ နာရီခွဲချိန်မှ စတင်ကာ၃ရပ်ကွက်၊ ထန်းတပင် ဘုန်းကြီးကျောင်းလမ်းထဲ ကွန်ဒိုနားတွင် စစ်ကောင်စီတပ်နှင့်ရဲများ၊ အရပ်ဝတ်များ ရောက်ရှိကာစစ်ဆေးမှုများပြုလုပ်နေကြသည်။ ထို့ပြင် ဝင်းသော်တာလမ်းထိပ် ပိတ်ထားပြီး စစ်ကောင်စီတပ်သား တစ်ဒါဇင်ခန့်က ဘုန်းကြီးကျောင်းဘက်သို့ဖြတ်လာသူများကို စစ်ဆေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly