ကန်ကြီးထောင့်မြို့တွင် ဗုံးပေါက်

ကန်ကြီးထောင့်မြို့တွင် ဗုံးပေါက်

ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ မြို့အဝင်က စားသောက်ဆိုင်တစ်ခုတွင် ယနေ့ ဩဂုတ်လ ၈ရက် နံနက် ၆နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

“မြို့အဝင်က လက်ဖက်ရည်ဆိုင်ဘေးမှာ ပေါက်တာ၊ အသံသိပ်မကျယ်သလို ဘာမှလည်း မထိလိုက်ဘူး။ အနားက စစ်ဆေးရေးဂိတ်ကို ခြောက်လှန့်ဖို့ ဖောက်တာဖြစ်နိုင်တယ်။ အဲ့မှာ မပေါက်သေးတဲ့ နောက်ထပ် ဗုံးတစ်လုံးလည်းတွေ့တယ်၊ မြို့က အဝင်အထွက်ပိတ်ထားချိန်မို့ မြို့ထဲက သိပ်မသိလိုက်ဘူး”လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဟာ ဗုံးပေါက်ကွဲမှု သတင်းကို ဖုံးထားပြီး မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အင်အားတိုးမြှင့် ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required