တော်လှန်ရေး ရန်ပုံငွေအတွက် “အောင်လံလွှင်ချီ နွေဦးထီ” ရောင်းချသွားမယ်လို့ NUG ကြေညာ

တော်လှန်ရေး ရန်ပုံငွေအတွက် “အောင်လံလွှင်ချီ နွေဦးထီ” ရောင်းချသွားမယ်လို့ NUG ကြေညာ

ဩဂုတ် ၇

မြန်မာ့နွေဦး တော်လှန်ရေးအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ရောင်းချပေးသွားမယ်လို့ NUG က ဩဂုတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရောင်းချနေတဲ့ “အောင်ဘာလေ ထီ” ကို မထိုးဘဲ ပြည်သူလူထုက သပိတ်မှောက်နေကြချိန် အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချမယ့် “အောင်လံလွှင့်ချီ နွေဦးထီ” ကံစမ်းနိုင်ပြီဖြစ်ကြောင်း ကြေညာတာလည်း ဖြစ်ပါတယ်။

“အောင်လံလွှင့်ချီ နွေဦးထီ” ရန်ပုံငွေကနေ မြန်မာ့မြေပေါ်က စစ်အာဏာရှင် ပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ကြံ့ကြံ့ခံတော်လှန်နေတဲ့ CDM ဝန်ထမ်းတွေကို ထိရောက်အောင် ကူညီထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်တဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ဩဂုတ်လ ၆ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပြီး “ထီ” ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ဝေတဲ့ “ အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုလိုတာလို့ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly