ပန်ဆိုင်းမြို့တွင် MNDAA၊  KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

ပန်ဆိုင်းမြို့တွင် MNDAA၊  KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

ဩဂုတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့ ( ကြူကုတ်) တွင်  ကချင်လွှတ်မြောက်ရေးတပ်မတော်( KIA) ၊ကိုးကန့်တပ်မ‌တော်( MNDAA )ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ ယနေ့ (သြဂုတ် ၆ ရက် )နေ့လယ်ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

ပန်ဆိုင်းမြို့ (ကြူကုတ်) ၊ ရပ်ကွက်(၅)ရှိ တရုတ်သင်္ချိုင်း အနီးတွင် တိုက်ပွဲ ​ဖြစ်ပွားနေပြီး နှစ်ဘက်ပစ်ခတ်သံများ ဆူညံစွာ ကြားနေရသည်ဟု မြို့ခံများကပြောသည်။

" သေနတ်သံတွေ ဆူညံနေတာပဲ။ ကိုဗစ်လည်း ကြောက်တော့အပြင် ဘယ်သူမှ မထွက်ရဲဘူး။ သချိုင်းဘက်မှ ချနေတာ"ဟု ဒေသခံတစ်ဦးက ဆိုသည်။

KIA တပ်မဟာ(၆)နှင့်MNDAA တို့ပူးပေါင်းကာ စစ်ကောင်စီတပ်များကိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။တိုက်ပွဲသည် ညနေ ၂ နာရီ မိနစ် ၂၀ အထိ ဖြစ်ပွားနေလျှက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required