စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် NUG ကြေညာ

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် NUG ကြေညာ

ဩဂုတ် ၃

အာဏာသိမ်းစစ်ကောင်စီက ပြန်လည်အသွင်ပြောင်း ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အတင်းအဓမ္မ အကြမ်းဖက်လုယူပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဆိုးဝါးအောင် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် မတရားအသင်းအဖြစ်ကြေညာတာလို့ NUG ရဲ့ ထုတ်ပြန်ချက် ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီကို အာဏာသိမ်းပြီး ခြောက်လအကြာ ဩဂုတ်လ ၁ ရက်နေ့မှာ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင် ဖွဲ့စည်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required