မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အရာရှိကြီးများ COVID-19 ကူးစက်ခံနေရ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အရာရှိကြီးများ COVID-19 ကူးစက်ခံနေရ
ဓါတ်ပုံ- မြဝတီဘဏ် ( မြစ်ကြီးနားဘဏ်ခွဲ ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးကို မတ်လ ၂၄ ရက်နေ့က တွေ့မြင်ခဲ့ရစဉ်။

ဇူလိုင် ၅

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် အဆင့်မြင့်အရာရှိတချို့တွင် COVID -19 ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ တိုင်း မှူး၏ ကိုယ်ရေးအရာရှိ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးဗျူဟာမှူကြီး (G1)၊ ဒုတိယတန်းစစ်ဆင်ရေးဗျူဟာမှူးကြီး (G2)တို့တွင် COVID -19 ကူးစပ်ရောဂါဖြစ်ပေါ်ခံစားနေရသည်ဟု စစ်ဌာနချုပ်နှင့်နီးစပ်သောသတင်းရပ်ကွက်များက ပြောသည်။  

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID -19 ကူးစက်ခံထားရသည့် အကြမ်းဖက်စစ်ကောင်စီတပ် စစ်တိုင်းမှူးနှင့် အရာရှိကြီးများကို တိုင်းစစ်ဌာချုပ်အတွင်းက ဧည့်ရိပ်သာဖြစ်သည့် မလိခဧည့်ရိပ်သာတွင် စစ်ဆေးရုံမှ ဆရာဝန်ကြီးများက အနီးကပ်ကုသမှုပေးနေရာ ယနေ့ဆိုလျှင် လေးရက်မြောက်ပြီဖြစ်သည်။

စစ်တိုင်းမှူးရုံးထိုင်သည့် စစ်ဌာန ချုပ်အတွင်းက တိုင်းရုံးအတွင်းမှာလည်း နောက်ဆက်တွဲကူးစက်ခံထားရသည့် စစ်သည်အရာရှိများရှိနေပြီး သူတို့ကိုတော့ စစ်ဌာနချုပ်အတွင်းရှိ စစ်ဆေးရုံမှာကုသမှုပေးနေကြောင်း သတင်းအရင်းအမြစ်များက မဇ္ဈိမကို ပြောသည်။ 

‌တိုင်းမှူးနှင့် စစ်ဆင်ရေးအရာရှိတချို့ COVID -19 ကူးစပ်ရောဂါဖြစ်ပွားနေတာကို သတင်းလုံခြုံမှုရှိစေရေးအတွက် တိုင်းစစ်ဌာနချုပ်အတွင်းမှာပင် အသွားအလာများကို အထူးကန့်သတ်မှုများလည်း ရှိနေသည်။

လက်ရှိ  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက စစ်တပ်မှအာဏာသိမ်ပြီးနောက်ပိုင်း စစ်တိုင်းမှူးအဖြစ်ခန့်အပ်တာဝန်ပေးခံရသူဖြစ်ပြီး၊ ပဲခူးအခြေစိုက် တပ်မ (၇၇) မှ ပြောင်းရွှေ့လာသူဖြစ်သည်။

ကချင်ပြည်နယ်မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့အထိ စုစုပေါင်း ၄၅ ယောက်သာ COVID -19 ဖြစ်ပွားနေပြီး၊   မြစ်ကြီးနားတွင် ရောဂါကူးစက်ခံရသူ (13 ) ယောက်သာရှိနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းအချက်အလက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required