ကျောက်မြောင်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ကျောက်မြောင်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေမှူး သေနတ်နဲ့ ပစ်သတ်ခံရ
Photo - CJ

ဇွန် ၈

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်းမှာရှိတဲ့ သတိပဋ္ဌာန်လမ်းမှာ စစ်ကောင်စီခန့် ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်ဟာ ဒီကနေ့ ဇွန်လ ၈ရက် မနက် ၁၀ နာရီဝန်းကျင်က သေနတ်နဲ့ နှစ်ချက်ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

" သေမသေတော့ မသိရသေးဘူး၊ အခုတော့ သူ့ကို လူနာတင်ကားနဲ့ ခေါ်သွားတယ်။ ကားထဲမှာ အပစ်ခံရတယ်လို့ကြားတယ်။ စစ်ကောင်စီလက်ထက်မှာ အုပ်ကြီးတက်လုပ်တာ။ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ အများကြီးပဲ။ “ လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒေါ်စိုးစိုးလွင်ဟာ သူမရဲ့ကားအဖြူရောင်အတွင်း ရှိနေချိန်မှာ အနီးကပ်ပစ်ခံရတာလို့ သိရပြီး လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း သူမနေထိုင်တယ်လို့ ယူဆရတဲ့ နေအိမ်အောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required