ဖလမ်း-ကလေးလမ်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ဖလမ်း-ကလေးလမ်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မေ ၂၁

ချင်းပြည်နယ် ဖလမ်း-ကလေးလမ်းတစ်နေရာမှာ ဒီနေ့ မေလ ၂၁ ရက်၊ မနက် ၈ နာရီဝန်းကျင်က CDF ဖလမ်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးတို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ CDF က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း CDF ဖလမ်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Salai Cung Nawl Piang လည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required