ကျန်းမာရေး စောင့်ရှောက်မှုအတွက် အောက်စီဂျင်ရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အိန္ဒိယတရားရုံးချုပ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အောက်စီဂျင်ရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အိန္ဒိယတရားရုံးချုပ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြင်းထန်စွာ ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်ရေးကဏ္ဍအတွက် အောင်စီဂျင်ဖြန့်ဝေမှု တိုးတက်စေရန် တရားရုံးချုပ်က လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် တွေ့ကြုံနေရသည့် အခက်အခဲများကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ လုပ်ဆောင်နေသည့် တရားရုံးက မေ ၈ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပြည်နယ်များနှင့် ဆေးရုံများကို အောက်စီဂျင်များ ဖြန့်ဖြူးပေးနိုင်မည့် ထိရောက်ပွင့်လင်း မြင်သာသော လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း ဖော်ပြထားသည်။

အောက်စီဂျင်ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၁၂ ဦးပါသည့် ကော်မတီအနေဖြင့် သိပ္ပံနှင့် အထူးဗဟုသုတပညာရပ်အပေါ် အခြေခံပြီး ကပ်ရောဂါကို ဖြေရှင်းရန် ပြည်သူ့ကျန်းမာရေး အစီအစဉ်တစ်ရပ်အား လုပ်ဆောင်သွားမည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။ ညမထွက်ရအမိန့်များနှင့် အသွားအလာတားမြစ်သည့် ထုတ်ပြန်ချက်များ လုပ်ဆောင်ထားသော်လည်း မေ ၈ ရက်က အိန္ဒိယတွင် ကိုဗစ် ကူးစက်ခံရသူ ၄ သိန်းကျော် ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ထောင်ကျော် ရှိခဲ့သည်။

အိန္ဒိယ၏ ကားထုတ်လုပ်ငန်းအဓိက တည်ရှိသည့် တမီးလ်နာဒူးပြည်နယ်တွင် ၂ ပတ်ကြာ သွားလာမှု ကန့်သတ်ကြောင်း ကြေညာချက်ကို မေ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required