၂၀၂၀ ခုနှစ်အတွင်း သေဒဏ်ချမှတ်မှု တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသတို့၌ အမြင့်ဆုံးရှိနေ

By Zee 5
25 April 2021
၂၀၂၀ ခုနှစ်အတွင်း သေဒဏ်ချမှတ်မှု တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသတို့၌ အမြင့်ဆုံးရှိနေ
Representative image

လန်ဒန်

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အနှံ့သေဒဏ်ချမှတ်မှု အရေအတွက် စုစုပေါင်း လျော့ကျသွားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆိုးရွားစွာရှိနေသော်လည်း အချို့သော နိုင်ငံများတွင် သေဒဏ်ချမှတ်သည့် အရေအတွက် မြင့်တက်ခဲ့ကြောင်း Amnesty International လူ့အခွင့်အရေး အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နည်းလမ်းများ ရှာဖွေနေချိန်တွင် အစိုးရအများအပြားသည် သေဒဏ်ချမှတ်ခြင်း၊ စီရင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အက်ဂနက် ကာလာမက်ဒ်က နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် ရေးသား ထားသည်။

တရုတ်နိုင်ငံသည် သေဒဏ်ချမှတ်မှုနှင့် စီရင်ခြင်းတို့ကို လျှိူ့ဝှက်စွာ လုပ်ဆောင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်သလို လွတ်လပ်သည့် စစ်ဆေးမှု လုပ်ဆောင်ရန်လည်း တားမြစ်ထားသောကြောင့် Amnesty International က ထုတ်ပြန်ခဲ့သည့် သေဒဏ်ချမှတ်သည့် အရေအတွက်စာရင်းတွင် တရုတ်နိုင်ငံမှ ကိန်းဂဏန်းများ မပါဝင်ခဲ့ပေ။

“တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံရသူ အရေအတွက်သည် အဆင့် ၂၄၆+ ရှိ အီရန်၊ အဆင့် ၁၀၇+ ရှိ အီဂျစ်၊ အဆင့် ၂၇ ရှိ ဆော်ဒီအာရေဗျတို့ထက် ကမ္ဘာ့အဆင့် ပိုများနိုင်ပါတယ်။ အီရန်၊ အီဂျစ်၊ အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင် ၂၀၂၀ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး သေဒဏ်ချမှတ်ခံရသူ အရေအတွက် စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အီဂျစ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်အလိုက် သေဒဏ်ချမှတ်ခံရသူ အရေအတွက် ၃ ဆ မြင့်တက်ခဲ့ကာ ကမ္ဘာ့အဆင့် ၃ သို့ ရောက်ရှိခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့အနှံ့တွင် ၄၈၃ ဦးထက်မနည်း သေဒဏ်ချမှတ်ခံခဲ့ရဖွယ်ရှိသည်။ (သေဒဏ်အား နိုင်ငံတော် လျှိူ့ဝှက်ချက်အဖြစ် ထားရှိသည့် နိုင်ငံများနှင့် အချက်အလက် ထုတ်ပြန်ခြင်း မပြုသည့် တရုတ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် ဗီယက်နမ်နိုင်ငံမှ စာရင်းများ မပါဝင်)

ကမ္ဘာပေါ်၌ သေဒဏ်ချမှတ်မှုသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း၊ ၁၆၃၄ ဦးအထိ သေဒဏ်ချမှတ်ခံရပြီး အမြင့်ဆုံးဖြစ်သည့် ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၀ ရာခိုင်နှုန်းအထိ ယခုနှစ်တွင် ကျဆင်းသွားသောကြောင့် Amnesty International ၏ မှတ်တမ်းများတွင် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required