နေမာရဲ့ အယ်လ်-ဟီလာလ်ဂျာစီနဲ့အတူ သီဆိုဖျော်ဖြေခဲ့တဲ့ Malone

22 November 2023
နေမာရဲ့ အယ်လ်-ဟီလာလ်ဂျာစီနဲ့အတူ သီဆိုဖျော်ဖြေခဲ့တဲ့ Malone

အမေရိကန် ရက်ပ်အဆိုတော် Post Malone ဟာ ကမ္ဘာတဝန်းက ဘောလုံးပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။ အသက် ၂၈ နှစ် အဆိုတော်ဟာ သူ့ရဲ့ ဂီတနဲ့ သီးချင်းတွေကြောင့် နာမည်ကြီးနေသူတယောက်ပါ။ ဒါပေမယ့် သူဟာ ကျောဘက်မှာ နေမာ နာမည်ရေးထိုးထားတဲ့ အယ်လ်-ဟီလာလ်အိမ်ကွင်းဂျာစီကို ဝတ်ဆင်လိုက်ပြီးတဲ့နောက် ဘောလုံးလောကရဲ့ Twitter(X) မှာ ပရိသတ်တွေဆီက မှတ်ချက်တွေနဲ့အတူ viral ဖြစ်သွားခဲ့ပါတယ်။ Malone ဟာ နံပါတ် #10 Al-Hilal ဂျာစီကို ဂျင်းဘောင်းဘီပြတ်နဲ့အတူ ပရိသတ်ကို စွဲဆောင်နိုင်ခဲ့သလို သူ အကောင်းဆုံး တင်ဆက်နေတာကို ဖျော်ဖြေပွဲရဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

 

ရက်ပ်အဆိုတော်ဟာ ဆော်ဒီအာရေဗီးယားရဲ့ ရီယာ့ဒ်မှာ ဖျော်ဖြေနေစဉ် ပရိသတ်တွေက သူဝတ်ထားတဲ့ ရင်းနှီးပြီးသား ဂျာစီကို သတိပြုမိခဲ့ပါတယ်။ အများစုကတော့ Kingdom Arena မှာ ဖျော်ဖြေပွဲကို ပျော်ပျော်ပါးပါးနဲ့ လိုက်ပါနေတာပါ။ ဒါပေမယ့် ဘောလုံးပရိသတ်တွေကတော့ သူတို့ အကြိုက်ဆုံးကြယ်ပွင့်ကစားသမားရဲ့ဂျာစီ ဝတ်ထားတဲ့ အနုပညာသမားရဲ့ပုံတွေကို ရိုက်ကူးဖို့အရေး အလုပ်ရှုပ်နေခဲ့ကြပါတယ်။ Post Malone ဟာ အရင်က ဘရာဇီးလ်ဂျာစီကို ဝတ်ဆင်ခဲ့ဖူးပါတယ်။ ဒါပမယ့် ဒီဆယ်လီနှစ်ဦးကြား လူသိရှင်ကြား ထိတွေ့ဆက်ဆံတာမျိုးတော့ မရှိခဲ့ပါဘူး။

 

နေမာဟာ ပီအက်စီဂျီကနေ အယ်လ်-ဟီလာလ်ကို ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လိဂ်ရဲ့ ဈေးအကြီးဆုံးကစားသမားတွေထဲက တဦးဖြစ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ စာချုပ်မှာ အလွန်များပြားတဲ့ စပွန်ဆာကြေး၊ စွမ်းဆောင်မှုနဲ့ အောင်မြင်မှုအတွက် အပိုဆုကြေးတွေနဲ့အတူ တပတ်ကို ဒေါ်လာ ၁ ဒသမ ၇ သန်းနီးပါး ဝင်ငွေရရှိနေတာပါ။

 

သူ့စိတ်ကြိုက် ဇိမ်ခံလေယာဉ်တစီး၊ အိပ်ခန်း ၂၀ ပါ စံအိမ်ကြီးနဲ့ သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အချိန်ပြည့်ဝန်ထမ်းတွေက နေမာ နှစ်သက်မယ့် အကျိုးခံစားခွင့်တချို့မျှသာဖြစ်ပါတယ်။ ဘရာဇီးလ်ကစားသမားဟာ လက်ရှိမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ခြောက်လကနေ ရှစ်လအထိ အနားယူရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required