ပါရီမြို့ မြန်မာသံရုံးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစုဝေးဆန္ဒပြပွဲ

ပါရီမြို့ မြန်မာသံရုံးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစုဝေးဆန္ဒပြပွဲ
Photo - AFP

မတ် ၉

ပြင်သစ်နိုင်ငံ ပါရီမြို့က မြန်မာသံရုံးရှေ့မှာ မတ်လ ၈ ရက်က လူပေါင်းဒါဇင်နဲ့ချီ စုဝေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကာ မြန်မာနိုင်ငံက အခြေအနေအပေါ် ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီရဖို့ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

“ဒီနေ့အချိန် ၂၁ ရာစုမှာ ကျွန်မတို့ဟာ ဒီအပေါ်မှာ ကျွန်မတို့ရဲ့ မျက်စိတွေ ပိတ်ထားလို့ မရနိုင်ပါဘူး၊ ကျွန်မတို့ဟာ ခုချိန်မှာ တိုးတက်တဲ့ ခေတ်ကြီးထဲမှာ ရောက်နေပါပြီ၊ ကျွန်မတို့ဟာ ၂၀၂၁ ထဲမှာ ရောက်နေပါပြီ၊ ဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောချင်တာက စကားလုံးတွေနဲ့တင် မလုံလောက်တော့ပါဘူး၊ ကျွန်မတို့ အကူအညီ လိုပါတယ်” လို့ အဆိုပါ စုဝေးပွဲ စီစဉ်သူတစ်ဦးဖြစ်တဲ့ မစောသူဇာက ပြောပါတယ်။

“ကျွန်မတို့ဟာ မြန်မာစစ်တပ် ဖွဲ့ဖို့ အကြောင်း ပြောနေတာပါ၊ အရပ်သားစစ်တပ်‌ပေါ့၊ ကျွန်မတို့ လက်နက်တွေ လိုပါလိမ့်မယ်၊ ကျွန်မတို့ အကူအညီ ရသင့်တယ်၊ တိုက်ခိုက်ဖို့ ကျွန်မတို့ အကူအညီ ရသင့်တယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်မတို့မှာ လက်နက် မရှိဘူး၊ ကျွန်မတို့ဟာ နေ့စဥ် အသတ်ခံနေရတယ်၊ ကျွန်မတို့ အိမ်တွေမှာ၊ ပြည်သူတွေရဲ့ အိမ်တွေမှာ၊ လမ်းတွေပေါ်မှာ၊ လူတိုင်းရဲ့ ရှေ့မှာ အသတ်ခံနေရတယ်” လို့ သူမက ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ခုဆို သေဆုံးသူ ၆၀ ကျော် ရှိနေပြီ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဖို့ ဒီကို ရောက်လာကြတာပါ၊ မြန်မာပြည်က သူရဲကောင်းတွေပေါ့၊ မြန်မာပြည်မှာ လွတ်လပ်မှုရဖို့အတွက်၊ ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ခဲ့ကြတဲ့ သူရဲကောင်းတွေပေ့ါ” လို့လည်း ပြင်သစ်ရှိ မြန်မာအသိုက်အ၀န်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုထင်ကျော်လွင်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required